မူဆယ်မှ လက်ဖက်ခြောက် ပိုမိုတင်ပို့ပြီး တာချီလိတ်မှ လျော့နည်းတင်ပို့

Thu, 08/10/2017 - 07:37 -- admin_ygn

       ဇူလိုင် နောက်ဆုံးပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေး ဇုန်မှ အမေရိကန် ဒေါ်လာ ၁၂၄၄၀ တန်ဖိုး ရှိ လက်ဖက်ခြောက် တန်  ၄၀ ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရာ ယခင် တစ်ပတ်က တင်ပို့ ခဲ့တဲ့ တစ်တန်ခွဲနဲ့နှိုင်းယှဉ်ပါက ၃၈ တန်ခွဲ ပိုမိုတင် ပို့ခဲ့တာ တွေ့ရပါတယ်။ ဇူလိုင်လအတွင်း  မူဆယ်မှတစ်ဆင့် တရုတ် နိုင်ငံသို့ လက်ဖက်ခြောက် တန် ၇၀ ကျော် တင်ပို့ခဲ့ပါတယ်။ အလားတူ မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီလိတ် ကုန်သွယ်ရေး စခန်းမှလည်း အမေရိကန်ဒေါ်လာ ၁၀၈၆၄ တန်ဖိုးရှိ လက်ဖက် ခြောက် ၂၈ တန်နီးပါးကို ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့ ၃၉ တန်ကျော်နဲ့ နှိုင်းယှဉ်ပါက ၁၀ တန်ကျော် လျော့နည်း တင်ပို့ခဲ့ ပါတယ်။ ဇူလိုင်လတစ်လလုံး တာချီလိတ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ လက်ဖက်ခြောက် တန် ၇၀ နီးပါး တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဂျာမနီနိုင်ငံက လက်ဖက်ခြောက်ဝယ်ယူရာမှာ လက်နဲ့လုပ်တဲ့ လက်ဖက်ခြောက်ကို မနှစ်သက်ေ ကြာင်း၊ စက်နဲ့လုပ်တဲ့ အရည် အသွေးပြည့် လက်ဖက်ခြောက်ကို   မှာယူတာဖြစ်တဲ့အတွက် ကိုယ့် ဘက်က သူတို့လိုချင်တဲ့ စံနှုန်းရအောင် ပြုလုပ်ပေးရကြောင်း မြန်မာ နိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်  စိုက်ပျိုး ထုတ်လုပ် ရောင်းချသူများအသင်းမှ သိရှိရပါတယ်။

 

မော်မော်အောင်

Border Trade News

Pages