မူဆယ်မှနှမ်းပိုမိုတင်ပို့ပြီး ချင်းရွှေဟော်မှ လျော့နည်းတင်ပို့

Mon, 08/07/2017 - 05:49 -- admin_ygn

         မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ် ရေးဇုန်မှ ဇူလိုင်တတိယပတ်တွင် အမေရိကန်ဒေါ်လာ သုည ဒသမ ၂၂၃ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၂၁၈ တန်ကိုတရုတ် နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နှမ်းေ ရာင်စုံတွေကတော့ နှမ်းနက် ၆၁ တန်၊ နှမ်းဖြူ ၂၅ တန်ခွဲနဲ့ နှမ်းညို ၁၃၁ တန်ခွဲဖြစ် ပါတယ်။ ဇူလိုင်ဒုတိယပတ်က မူဆယ်မှ နှမ်းညို ၁၃၆ တန်ခွဲ တစ်မျိုးတည်းသာ တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ နှမ်း ၈၁ တန်ခွဲကိုပိုမိုတင် ပို့ခဲ့တာ တွေ့ရပါတယ်။
         အလားတူ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှလည်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၂၆ သန်းတန်ဖိုးရှိ နှမ်းနက် ၇၇၆ တန်ကျော်နဲ့ နှမ်းဖြူ ၃၇၈ တန်ကျော် စုစုပေါင်း ၁၁၅၄ တန်ကျော် တင်ပို့ခဲ့ရာ ယခင်တစ်ပတ်ကတင်ပို့ခဲ့ တဲ့ ၁၆၁၂ တန်ကျော်နဲ့ နှိုင်းယှဉ်ပါက ၄၅၈ တန်လျော့နည်းတင်ပို့ခဲ့ပါ တယ်။ မူဆယ်ကုန်စည်ဒိုင်မှာ ဇူလိုင်ဒုတိယပတ်က နှမ်းဖြူ တစ်တန် ၁၃၅၉၆၈၄ ကျပ်၊ နှမ်းနက်တစ်တန် ၂၁၅၀၁၉၈ ကျပ်ဈေးရှိရာမှ ဇူလိုင်တတိယပတ်တွင် နှမ်းဖြူဈေး ၁၃၆၅၀၇၉ ကျပ်နဲ့ နှမ်းနက်ဈေး ၂၁၅၈၇၃၀ ကျပ်သို့ ဈေး ဆက်လက်မြင့်တက်ခဲ့ပါတယ်။ ပြည်တွင်းနှမ်းဈေးကွက်ရဲ့ ၈၀ ရာခိုင်နှုန်းမှာ နယ်စပ်မှ တစ်ဆင့် အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့နေရပြီး ယခင်နှစ်က ပြည်ပသို့ တင်ပို့ခဲ့တဲ့ နှမ်းတန်ချိန်ထက် ယခုနှစ်မှာ ပိုမိုတင်ပို့ နိုင်ဖွယ်ရှိကြောင်း နှမ်းပို့ကုန်လုပ်ငန်းရှင်များက ဆိုပါတယ်။

 

မော်မော်အောင်

Border Trade News

Pages