မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ဝဥခြောက် တန် ၅၀ ကျော်တင်ပို့

Tue, 10/31/2017 - 11:20 -- admin_ygn

     မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ အောက်တိုဘာ ၁၄ ရက်မှ ၂၀ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ သုညဒသမ ၁၀၂ သန်းတန်ဖိုးရှိ ဝဥခြောက် ၅၅ တန်ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ဝဥပင်ဟာ ဇွန်၊ ဇူလိုင်မှာ စတင်ပေါ်ကာ နိုဝင်ဘာနဲ့ ဒီဇင်ဘာမှာ ရာသီကုန်ကြောင်း၊ တရုတ်နိုင်ငံမှာ တရုတ်ရိုးရာတိုင်းရင်းဆေး ဖော်စပ်ဖို့ ကုန်ကြမ်းအနေနဲ့ရော စားသောက်ကုန်လုပ်ငန်းတွေမှာပါ အသုံးပြုကြ ကြောင်း၊ ဝဥကို ပြည်တွင်းမှာ စားသုံးမှုနည်းပေမယ့် ပြည်ပနိုင်ငံတွေမှာ တန်ဖိုးကြီး အစားအသောက်အဖြစ် ပြုလုပ်စားသောက်လေ့ရှိရာ ဂျပန် နိုင်ငံ၊ တရုတ်နိုင်ငံ၊ စင်ကာပူနိုင်ငံနဲ့ မလေးရှားနိုင်ငံတွေသို့ တင်ပို့ကြောင်း သိရပါ တယ်။

 

မော်မော်အောင်

Border Trade News

Pages