ပင်လယ်ရေကြောင်းမှ ယခင်တစ်ပတ်ထက် ချင်းပိုမိုတင်ပို့

Mon, 06/12/2017 - 04:19 -- admin_ygn

      မေလ ၂၈ ရက်မှ ဇွန်လ ၃ ရက်အထိ သီတင်းပတ်အတွင်း ချင်း ၂၀၅  ဒသမ ၅တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ် စင်ကာပူနိုင်ငံသို့ ၁၀၈ တန်၊ ဂျာမနီနိုင်ငံသို့ ၁၈ တန်နဲ့ ဘင်္ဂလားဒေ ရှ့်နိုင်ငံသို့ ၇၉ ဒသမ ၅ တန် တင်ပို့ ခဲ့တယ်လို့ သိရပါတယ်။ယခင်သီတင်းပတ်က တင်ပို့ခဲ့တဲ့ ချင်း ၁၈၇ တန်ကျော်နဲ့နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ ၁၈ တန် ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ချင်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆၅၂၄၃ ဝင်ငွေ ရရှိခဲ့တယ်လို့ သိရပါတယ်။ မေလအတွင်းချင်းတန်ချိန် ၁၁၂၂ ဒသမ ၄၉၅ တန်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၉၈၈၉၁ ဝင်ငွေရရှိခဲ့တယ်လို့သိရပါတယ်။

 

သီတာဝင်း(DOT)

 

Border Trade News

Pages