ပင်လယ်ရေကြောင်းမှ မန်ကျည်း ပြန်လည်တင်ပို့

Wed, 08/09/2017 - 06:35 -- admin_ygn

       ဇူလိုင်လ ၂၃ ရက်မှ  ၂၉ ရက် အထိ သီတင်းပတ်အတွင်း မန်ကျည်း ၂၂၄တန်ကို ပင်လယ်ရေကြောင်း ကုန် သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီတစ် ပတ် ထိုင်းနိုင်ငံသို့ တန် ၅၀၊ ပါကစ္စတန် နိုင်ငံသို့ တန် ၅၀၊ ဘင်္ဂလားဒေ့ရှ်နို င်ငံသို့ တန်ချိန် ၁၀၀နဲ့  ဗီယက်နမ်နိုင်ငံသို့ ၂၄ တန်တင်ပို့ခဲ့တယ်လို့သိရပါတယ်။ ယခင် သီတင်းပတ်က တင်ပို့မှု ပျောက်ခဲ့တဲ့ မန်ကျည်းက ဒီတစ်ပတ်မှ ပြန်လည်  တင်ပို့ခဲ့ခြင်းဖြစ်ပါတယ်။မန်ကျည်းတင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၄၉၇၀၀ ဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။ လချုပ်အနေနဲ့ကြည့်မယ် ဆိုရင် ဇူလိုင်လအတွင်း  မန်ကျည်း တန်ချိန် ၄၄၀တင်ပို့ခဲ့ပြီး အမေရိကန် ဒေါ်လာ ၁၃၀၉၂၀ ဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။

 

သီတာဝင်း(DOT)

Border Trade News

Pages