နယ်စပ်စခန်းစုံမှ လက်ဖက်ခြောက်တင်ပို့

Tue, 10/31/2017 - 11:32 -- admin_ygn

           အောက်တိုဘာ ၁၄ ရက်မှ ၂၀ ရက်အထိ ရက်သတ္တပတ် အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်  ကုန် သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၈၁၃၈ တန်ဖိုးရှိ လက် ဖက်ခြောက် ၂၆ တန်ကိုလည်းကောင်း၊ ချင်းရွှေဟော် ကုန် သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၂၀၂၈ တန်ဖိုးရှိ လက် ဖက်ခြောက် ၆ တန်ခွဲကိုလည်းကောင်း တရုတ်နိုင်ငံသို့ တင်ပို့ ခဲ့ပြီး မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၁၁၉၄၇ တန်ဖိုးရှိ လက်ဖက်ခြောက် တန် ၃၀ ကျော်ကို ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။

         ယခင်ရက်သတ္တပတ်က ချင်းရွှေဟော်မှ လက်ဖက် ခြောက် တင်ပို့မှုမရှိဘဲ မူဆယ်မှ ၂၉ တန်နဲ့ တာချီလိတ်မှ တန် ၇၀ ကျော် တင်ပို့ခဲ့တာ တွေ့ရပါတယ်။ မန္တလေးတိုင်းဒေသကြီး မိုးကုတ် မြို့တွင် လက်ဖက်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး လက်ဖက်ကို တန်ခူး၊ ကဆုန်လတွေမှာ လှိုင်လှိုင်ခူးရကြောင်း၊ လက်ဖက်စို ငါး ပိဿာ ခူးဆွတ်မှသာ  လက်ဖက်ခြောက် တစ်ပိဿာလောက်ရ ရှိကြောင်း၊ မိုးကုတ်တွင် အူလုံမျိုးနဲ့ဒေသမျိုးရှိပြီး လက်ဖက် အမျိုးအစား နှစ်မျိုးသာ စိုက်ပျိုးကြကြောင်း၊ ဒီလက်ဖက် မျိုးတွေက အခါးဓာတ်များတော့ လက်ဖက်ခြောက်လုပ်ရောင်း ကြကြောင်း မိုးကုတ်မြို့နယ်မှ လက်ဖက်စိုက်တောင်သူတစ်ဦး ထံမှ သိရပါတယ်။

 

မော်မော်အောင်

Border Trade News

Pages