တာချီလိတ်မှ လက်ဖက်ခြောက်ပိုမိုတင်ပို့ပြီး မူဆယ်မှလျော့နည်း တင်ပို့

Wed, 06/28/2017 - 07:20 -- admin_ygn

        မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီလိတ်ကုန်သွယ်ရေး စခန်းမှ ဇွန် ၁၀ ရက်မှ ၁၆ ရက်အထိ ရက်သတ္တပတ်အတွင်း အမေရိကန်ဒေါ်လာ ၃၁၉၄၀ တန်ဖိုးရှိ လက်ဖက် ခြောက် ၈၁ တန်ကျော်ကို ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ရာ ယခင် တစ်ပတ်က တင်ပို့ခဲ့တဲ့ ၁၃ တန်ကျော်နဲ့ နှိုင်းယှဉ်ပါက ၆၈ တန်ပိုမိုတင်ပို့ ခဲ့တာ တွေ့ရပါတယ်။ အလားတူ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ လည်း အမေရိကန်ဒေါ်လာ ၆၈၅၈ တန်ဖိုးရှိ လက်ဖ က်ခြောက် ၂၂ တန်တင်ပို့ခဲ့ရာ ယခင်တစ် ပတ်က တင်ပို့ခဲ့တဲ့ ၇၈ တန်ကျော်နဲ့ နှိုင်းယှဉ်ပါက ၅၆ တန် လျော့နည်း တင်ပို့ခဲ့ပါတယ်။
         ရှမ်းပြည်နယ်ရှိ စံပြလက်ဖက်ခြောက်စက်ရုံတွင် အခြောက်ခံပြီး ထွက်ရှိလာတဲ့ လက်ဖက်ခြောက်ကို စံချိန် စံညွှန်းမီသဖြင့် ဂျာမနီနိုင်ငံမှ ဝယ်ယူကြောင်း၊ စက်ရုံများမှ ထုတ်လုပ်တဲ့ လက်ဖက်ခြောက်မှာ မိရိုးဖလာနည်းနဲ့ ထုတ် လုပ်တဲ့ လက်ဖက်ခြောက်နဲ့ အရသာကွာခြားပြီး သန့်ရှင်း သပ်ရပ်မှု ပိုမိုကောင်းမွန်တာကြောင့်  ကျန်းမာရေးနဲ့ ကိုက် ညီကြောင်း Myanmar Green Tea လက်ဖက်လုပ်ငန်းမှ သိရှိရပါတယ်။

 

မော်မော်အောင်

Border Trade News

Pages