Wednesday Talk ဆွေးနွေးပွဲ သတင်း (အပြည့်အစုံ)

Thu, 07/25/2024 - 06:50 -- DotTrading

Wednesday Talk ဆွေးနွေးပွဲ

သတင်း (အပြည့်အစုံ)

၁။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ ညီလာခံခန်းမ၌ Wednesday Talk ဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်၊ နံနက် (၁၀:၀၀) နာရီမှ (၁၁:၁၅) နာရီ အချိန်ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။         Wednesday Talk ဆွေးနွေးပွဲတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ မှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စိန်ဝင်း က“ အာဆီယံ၏ရေရှည်တည်တံ့ခိုင်မြဲမည့် ဒီဂျစ်တယ်စီးပွားရေးဆိုင်ရာ အရည်အသွေး မြှင့်တင်ရေး သိကောင်းစရာ” ခေါင်းစဉ်ဖြင့် အာဆီယံနိုင်ငံများ၏ ဒီဂျစ်တယ်စီးပွားရေး တိုးတက်မှု အခြေအနေများနှင့် ကိုးရီးယားနိုင်ငံ၏ ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းလုပ်ငန်းစဉ်များကို သိရှိနိုင်ရန်၊ အာဆီယံနိုင်ငံများ၏ ဒီဂျစ်တယ်စီးပွားရေး ရေရှည်တည်တံ့စေရန်နှင့် အရည်အသွေး မြှင့်တင်နိုင်ရေးအတွက် ရည်ရွယ်၍ ဆွေးနွေးတင်ပြခဲ့ပါသည်။

၃။         ဆက်လက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မင်းသိုက် က  ဖြည့်စွက်ဆွေးနွေးခဲ့ပါသည်။

၄။         ထို့နောက် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နီနီကျော် က  ဆွေးနွေးပြောကြားခဲ့သော ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စိန်ဝင်း အား ဂုဏ်ပြုလက်ဆောင်ပေးအပ် ချီးမြှင့်ခဲ့ပြီး ကုန်သွယ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသောင်းနိုင် က နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ပါသည်။

၅။         အဆိုပါ Wednesday Talk ဆွေးနွေးပွဲသို့ ကုန်သွယ်ရေးဦးစီးဌာန မှ  ဒုတိယညွှန်ကြားရေးမှူးချုပ်၊ စားသုံးသူရေးရာဦးစီးဌာန မှ ညွှန်ကြားရေးမှူးများ၊ မူပိုင်ခွင့်ဦးစီးဌာန  ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်  အရာထမ်း၊ အမှုထမ်း စုစုပေါင်း(၁၆၁ )ဦးတို့ တက်ရောက်ခဲ့ပါသည်။