Caucus of the 1st ACAFTA WGC Negotiation တက်ရောက်ခြင်း

Wed, 08/24/2022 - 04:10 -- competition

အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် (ASEAN-Canada Free Trade Agreement - ACAFTA) ဆွေးနွေးညှိနှိုင်းမှုများအတွက် ပထမအကြိမ် ယှဉ်ပြိုင်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့် အစည်းအဝေး (1st ACAFTA WGC) အတွက် အာဆီယံဒေသတွင်းဆွေးနွေးညှိနှိုင်းမှုကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့တွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ ‌အစည်းအဝေးသို့ မြန်မာနိုင်ငံမှ ယှဉ်ပြိုင်မှုဆိုင်ရာ ဘာသာရပ်ကိုယ်စားလှယ်များအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ယှဉ်ပြိုင်မှုဆိုင်ရာ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများနှင့် ကနေဒါဘက်မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

ယခုကျင်းပပြုလုပ်သည့် အာဆီယံဒေသတွင်းဆွေးနွေးညှိနှိုင်းမှုကို အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် (ASEAN-Canada Free Trade Agreement - ACAFTA) ဆွေးနွေးညှိနှိုင်းမှုများအတွက် ပထမအကြိမ် ယှဉ်ပြိုင်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့် အစည်းအဝေး (1st ACAFTA WGC) မတိုင်မီ ကြိုတင်ဆွေးနွေးကြရန်ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး 1st ACAFTA WGC ဆွေးနွေးညှိနှိုင်းမှုကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။