ဘင္ဂလားဒေ့ရှ်သည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် ကမ္ဘာ့ချန်ပီယံဖြစ်လာကြောင်း ကမ္ဘာ့ဘဏ်ကပြောကြားခဲ့

Thu, 01/19/2023 - 03:27 -- DotBorderdep

      ကမ္ဘာ့ဘဏ်၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဘူတန်နိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ်အသစ် ဖြစ်သော Mr.AbdoulayeSeck သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ချီးကျူးခဲ့ပြီး စီးပွားရေးတွင် ဘက်ပေါင်းစုံမှ တိုးတက်အောင်ဆောင်ရွက်နိုင်ခဲ့သဖြင့်  ကမ္ဘာ့ချန်ပီယံအဖြစ် သတ်မှတ်သင့်ကြောင်း အင်္ဂါနေ့တွင် ပြောကြားခဲ့သည်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် Dhaka Tribune သတင်းတွင် ဖော်ပြထားသည်။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့်  စီးပွားရေးဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် GDP တိုးတက်မှုရရှိ လာစေရေး၊ ဆင်းရဲမွဲတေမှုနှုန်းလျှော့ချရေး၊ အမျိုးသမီးများ၏ စွမ်းဆောင်နိုင်မှုမြှင့်တင်ရေးနှင့် ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်စေရေးစသည်တို့တွင် ကြိုးစားဆောင်ရွက်ထား သည်ကိုတွေ့ရှိရပါကြောင်း ၎င်းကပြောကြားခဲ့သည်။ ၎င်း၏အတွင်းရေးမှူးရုံးတွင် ဘင်္ဂလား ဒေ့ရှ်နိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီး Mr. AHM Mustafa Kamal နှင့် တွေ့ဆုံစဉ် ယင်းကဲ့သို့ပြော ကြားခဲ့ခြင်းဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။

   ယခုနှစ်ပိုင်းအတွင်း ဘင်္ဂလားဒေ့ရှ်၏ စီးပွားရေးစွမ်းရည်သည် အာရှရှိအခြားနိုင်ငံများနှင့် ယှဉ်လျှင် ပိုမိုကောင်းမွန်သည်ဟု Seck က ယူဆပါကြောင်းပြောကြားရာတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးများဆောင်ရွက်ရာတွင် ကမ္ဘာ့ဘဏ်သည် အရေးပါသောမိတ်ဖက် များထဲမှ တစ်ခုဖြစ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက်  ဘင်္ဂလားဒေ့ရှ်တွင် မြစ်ကြောင်း နှင့် မြစ်ကြောင်းအခြေခံစီးပွားရေးအစရှိသည့် အရေးကြီးသောကဏ္ဍများတွင် များစွာလုပ်ဆောင် ခဲ့ပါ ကြောင်း ဘင်္ဂလားဒေ့ရှ့်နိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးကပြောကြားခဲ့သည်။

    ဆက်လက်၍ Kamal က ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် အရေးကြီးပရောဂျက်အချို့ကို ဆောင်ရွက် ပေးရန် ကမ္ဘာ့ဘဏ်၏ ဒါရိုက်တာအား တောင်းဆိုခဲ့ပြီးမြို့တော်အနှံ့ မြစ်ကြောင်းများသွားလာ နိုင်မှုရှိစေရန်နှင့် မြို့တော်၏သာယာလှပရေး မြှင့်တင်ရေးအတွက် "Beautification of Dhaka" ပရောဂျက်အတွက်  ရန်ပုံငွေဆိုင်ရာကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြပါကြောင်း ရေးသားဖော် ပြ ထားသည်။

International Trade News

Pages

Border Trade News

Pages