ြမဝတီကုန်သွယ်ရေးဇုန် ၏ ကုန်သွယ်မှုအခြေအနေ

Thu, 03/16/2023 - 04:17 -- DotBorderdep

          မြဝတီကုန်သွယ်ရေးဇုန်မှတစ်ဖက်နိုင်ငံသို့ပို့ကုန်တင်ပို့မှုအနေဖြင့်(၁၂-၃-၂၀၂၃)ရက်နေ့မှ(၁၃-၃-၂၀၂၃) ရက်နေ့ထိ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများနှင့် CMP ပစ္စည်းများ တင်ပို့မှုရှိသည်။

          လယ်ယာထွက်ကုန်ပစ္စည်းများမှာ ကွမ်းရွက်၊ ပီလောပီနံ၊ ငရုတ်၊ ဂေါ်ဖီထုပ်၊ ကြက်သွန်နီ၊ မြေပဲဆံ၊ မန်ကျည်းသီးနှင့် ပြောင်းတို့ဖြစ်သည်။ ရေထွက်ကုန်ပစ္စည်းများမှာ ဂုံး၊ ပုစွန်၊ ငါးသလောက်၊ ငါးရှဉ့်၊ ငါးခွေး လျှာ၊ ငါးဓါးလွယ်၊ ခရု၊ ငါးထောပတ်၊ ငါးတီး၊ ကဏန်းနှင့် ငါးပိတို့ဖြစ်ပြီး CMP တင်ပို့မှုမှာ အမျိုးသား/အမျိုး သမီးဝတ်အထည်အလိပ်များ တင်ပို့လျက်ရှိသည်။

          အများပို့ကုန်ပစ္စည်းများ တင်ပို့မှုအနေဖြင့် ပြောင်း၊ ငရုတ်၊ CMP ၊ ကြက်သွန်နီ၊ ငါးပိ၊ ပီလောပီနံ၊ ရေထွက် ကုန်ပစ္စည်း၊ ဂေါ်ဖီထုပ်၊ ကွမ်းရွက်၊ မန်ကျည်းသီး၊ မြေပဲဆံနှင့် အခြားပစ္စည်းတို့ဖြစ်ပါသည်။ ယခုအခါ ထိုင်း နိုင်ငံမှ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ခြင်းကြောင့် စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာဆောင် ရွက်လာခြင်းနှင့်စားသောက်ဆိုင်များတွင် အသုံးပြုရန်လိုအပ်ချက်ကြောင့် ဝယ်လိုအားမြှင့်တက်နေ၍ ယခင် နှစ်ကထက် ပိုမိုတင်ပို့နိုင်ခဲ့ ခြင်းဖြစ်သည်။

          ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီ၊ ငရုတ်၊ ဂေါ်ဖီထုပ်များကို အမြန်တင်ပို့နိုင်ရေးအတွက် ကုန်သွယ်ရေးဇုန်မှအချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက် ရှိသည်။

          သွင်းကုန်တင်သွင်းမှုအနေဖြင့် စက်ဘီး၊ စာရေးကိရိယာ၊ ကားအပိုပစ္စည်း၊ အဝတ်အထည်၊ ဆောက်လုပ် ရေးလုပ်ငန်းသုံးပစ္စည်း၊ အလှကုန်ပစ္စည်း၊ ဆိုင်ကယ်အပိုပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်၊ ဖိနပ်၊ သစ်သီး၊ Garment ၊ အိမ်သုံးပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ ဆေးနှင့်ဆေးပစ္စည်းများ၊ Packing Material ၊ အိမ်သုတ်ဆေး၊ လူသုံးကုန်ပစ္စည်း၊ စက်ဆီ/ချောဆီနှင့် ကုန်ကြမ်းပစ္စည်းများ တင်သွင်းလျက်ရှိသည်။  

          အများဆုံးသွင်းကုန်ပစ္စည်းများမှာ Garment ၊ စားသောက်ကုန်၊ ထုပ်ပိုးပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ ောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ ကားအပိုပစ္စည်း၊ ဆိုင်ကယ်အပိုပစ္စည်းများ၊ ဆေးနှင့်ဆေးပစ္စည်းများ၊ သစ်သီး၊ စက်ဆီ/ချောဆီနှင့် အခြားပစ္စည်းတို့ဖြစ်သည်။

          (၅-၁-၂၀၂၃)ရက်နေ့မှစ၍ မြဝတီကုန်သွယ်မှုလမ်းကြောင်းများ ပုံမှန်ဖြစ်ပေါ်လာပြီး ပို့ကုန်၊ သွင်းကုန် လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။ ယခုအခါ ပြောင်းဆံများတင်ပို့လာနိုင်ခြင်းနှင့် တရုတ်နှစ်သစ် ကူးနောက်ပိုင်း တစ်ဖက်နိုင်ငံမှ လုပ်ငန်းများတိုးမြှင့် ဆောင်ရွက်လာခြင်းတို့ကြောင့် ဘတ်စျေးများ တဖြည်း ဖြည်းကျဆင်းလျက်ရှိသည်။

          ငွေစျေးနှုန်းအနေဖြင့် ယခင်သီတင်းပတ်က တစ်ဘတ်လျှင် (၈၂.၉၉)ကျပ်ခန့်အထိ ရှိခဲ့ပြီး ယခုသီတင်း ပတ်တွင်လည်း (၈၂.၉၉)ကျပ်ခန့်သာရှိသဖြင့် ဘတ်စျေးတည်ငြိမ်လျက်ရှိပြီး သွင်းကုန်များ ပိုမိုတင်သွင်းလျက် ရှိကြောင်း သိရှိရသည်။

Border Trade News

Pages