ြမဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Thu, 02/02/2023 - 05:38 -- DotBorderdep

          မြဝတီကုန်သွယ်ရေးဇုန်မှတစ်ဖက်နိုင်ငံသို့ပို့ကုန်တင်ပို့မှုအနေဖြင့်(၂၉-၁-၂၀၂၃)ရက်နေ့မှ(၃၁-၁-၂၀၂၃) ရက်နေ့ထိ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများနှင့် CMP ပစ္စည်းများ တင်ပို့မှုများရှိသည်။

          လယ်ယာထွက်ကုန်ပစ္စည်းများမှာ ကော်ဖီစေ့၊ ပီလောပီနံမှုန့်၊ ကွမ်းသီး၊ ငရုတ်၊ ဂေါ်ဖီထုတ်၊ မြေပဲ၊ ဆန်မှုန့်၊ ပြောင်းစေ့၊ ကြက်သွန်နီ၊ ဆန်ကွဲ၊ နှမ်းစေ့နှင့် မန်ကျည်းသီးတို့ဖြစ်သည်။ ရေထွက်ကုန်ပစ္စည်းများ မှာ ပုဇွန်၊ ခရု၊ ဂုံး၊ အုန်းငါးမုတ်၊ ငါးတီး၊ ကျောက်ငါး၊ ငါးသလောက်၊ ငါးရှဉ့်၊ ကဏန်း၊ ငါးခွေးလျှာ၊ ငါးပါးနီ၊ ငါးပိ၊ ငါးဓါးလွယ်၊ ကကူယံ၊ ငါးမြစ်ချင်းစီဖောင်း၊ ငါးပုတ်သင်စီဖောင်းတို့ဖြစ်ပြီး CMP တင်ပို့မှုမှာ အမျိုးသား/အမျိုး သမီးဝတ် အထည်အလိပ်များ တင်ပို့လျက်ရှိသည်။

          အများဆုံးပို့ကုန်ပစ္စည်းများအနေဖြင့် ဆန်ကွဲ၊ ဆန်မှုန့်၊ CMP ၊ ပြောင်းစေ့၊ ပီလောပီနံ၊ ငါးပိ၊ ငရုတ်၊ Transformer Main ၊ စတီးငြမ်းစင်၊  ကြက်သွန်နီ၊ ကော်ဖီစေ့၊ ဂေါ်ဖီထုပ်၊ (ဖြတ်စ)အလူမီနီယံ ဘူးခွံ၊ ရေထွက် ပစ္စည်း၊ အခြားကုန်ပစ္စည်းတို့ ဖြစ်ပါသည်။ ယခုအခါ ထိုင်းနိုင်ငံမှ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ခြင်း ကြောင့် စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာ အသုံးပြုလာခြင်းနှင့် စားသောက်ဆိုင်များတွင် အသုံးပြု ရန်လိုအပ်ခြင်းကြောင့် ဝယ်လိုအားမြှင့်တက်နေ၍ ယခင်နှစ်ကထက် ပိုမိုတင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။

          အများဆုံးပို့ကုန်ပစ္စည်းများဖြစ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက် သွန်နီ၊ ငရုတ်၊ ဂေါ်ဖီထုပ်တို့ကို အမြန်တင်ပို့နိုင်ရေးအတွက် ကုန်သွယ်ရေးဇုန်မှ အချိန်နှင့်တစ်ပြေးညီ ဆောင် ရွက်ပေးလျက်ရှိသည်။

          သွင်းကုန်တင်သွင်းမှုအနေဖြင့် စက်ဘီး၊ စာရေးကိရိယာ၊ ကားအပိုပစ္စည်း၊ အလှကုန်ပစ္စည်း၊ ဆိုင်ကယ် အပိုပစ္စည်း၊ အဝတ်အထည်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ စားသောက်ကုန်၊ ဖိနပ်၊ ဖိနပ်ကုန်ကြမ်း ပစ္စည်း၊ သစ်သီး၊ အိမ်သုံးပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ စက်ဆီ/ချောဆီ၊ ဆေး၊ Packing Materials၊ အားကစား ပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ အိမ်သုတ်ဆေး၊ လယ်ထွန်စက်အပိုပစ္စည်းတို့ တင်သွင်းလျက်ရှိသည်။

          အများဆုံးသွင်းကုန်ပစ္စည်းများမှာ စားသောက်ကုန်၊ Garment၊ စက်နှင့်စက်အပိုပစ္စည်း၊ အိမ်သုံးပစ္စည်း၊  စက်မှုကုန်ကြမ်းပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ ဆိုင်ကယ်အပိုပစ္စည်း၊ Packing Materials၊ ကားအပို ပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ လယ်ယာသုံးပစ္စည်း၊ အလှကုန်ပစ္စည်း၊ သစ်သီး၊ စာရေးကိရိ ယာ၊ ဖိနပ်ကုန်ကြမ်းပစ္စည်း၊ အခြားကုန်ပစ္စည်း၊ တိရစ္ဆာန်အစာ၊ စက်ဘီး၊ ကားအပိုပစ္စည်း၊ အဝတ်အထည်တို့ ဖြစ်သည်။

          (၅-၁-၂၀၂၃)ရက်နေ့မှစ၍ ကုန်သွယ်မှုလမ်းကြောင်း ပုံမှန်ဖြစ်ပေါ်လာပြီး တင်သွင်းဆောင်ရွက်မှု များရှိလာပါသည်။ ငွေစျေးနှုန်းအနေဖြင့် ယခင်အပတ်က တစ်ဘတ်လျှင်(၈၆.၂၁)ကျပ်ထိရှိခဲ့ပြီး ယခုအပတ် တွင် (၈၆.၉၅)ကျပ်ခန့်အထိ တက်လာသဖြင့် သွင်းကုန်များ လျော့နည်းလျက်ရှိကြောင်း သိရှိရသည်။

Border Trade News

Pages