မောတောင်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ် မတ်လ တတိယသီတင်းပတ်အတွင်း တင်ပို့/တင်သွင်းခဲ့မှုအခြေအနေ

Tue, 03/21/2023 - 04:10 -- DotBorderdep

    မောတောင်ကုန်သွယ်ရေးစခန်းသည် ထိုင်းနိုင်ငံဘက်သို့ သွင်းကုန်ထက် ပို့ကုန်တင်ပို့မှု ပိုမိုလျက် ရှိသော ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သည်။

    မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ မတ်လ(၁၁)ရက်နေ့မှ(၁၇) ရက်နေ့ အထိ တတိယအပတ်ကာလအတွင်း ပို့ကုန် တန်ဖိုး အမေရိကန်ဒေါ်လာ(၀.၄၃၆) ဒေါ်လာသန်း၊ သွင်းကုန် တန်ဖိုး အမေရိကန်ဒေါ်လာ(၀.၀၁၃)ဒေါ်လာသန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ(၀.၄၄၉) ဒေါ်လာ သန်း ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့သည်။

    မောတောင်ကုန်သွယ်ရေးစခန်းမှ အဓိကတင်ပို့နေသောကုန်ပစ္စည်းများမှာ ငါးမျိုးစုံ၊ ပုဇွန်၊ ကဏန်း၊ ငှက်ပျောသီး၊ ဓနိဖက်၊ ကြက်သွန်နီနှင့် ဆီအုန်းကြိတ်ဖတ် တို့ဖြစ်ပြီး အဓိက တင်သွင်းနေသော ကုန်ပစ္စည်း များမှာ အသီးမျိုးစုံ၊ ငါးသေတ္တာဗူးခွံနှင့် ကြွေပြားတို့ဖြစ်သည်။

Border Trade News

Pages