မောင်တောကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအ​ြေခအနေ

Fri, 03/03/2023 - 05:49 -- DotBorderdep

 ၂၀၂၃ ခုနှစ်၊ မတ်လ ၀၁ ရက်နေ့

              မောင်တောကုန်သွယ်ရေးစခန်း၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍနှစ်၊ လျာထားချက်မှာ ပို့ကုန် (၁၁.၀၀၀) ဒေါ်လာသန်း၊ သွင်းကုန် (၀.၅၀၀) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁၁.၅၀၀) ဒေါ်လာသန်း ဖြစ်သည်။ (၂၅-၀၂-၂၀၂၃) ရက်နေ့အထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၁၅.၇၁၆) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၄၂) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁၅.၇၅၈) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပြီး တစ်နှစ်လုံး၏ လျာထားချက်အပေါ် (၁၃၇%) ဆောင်ရွက်နိုင်ခဲ့သည်။

          မောင်တောကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ လျာထားချက်မှာ ပို့ကုန် (၁.၀၀၀) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၄၀) ဒေါ်လာသန်းနှင့် ကုန်သွယ်မှုပမာဏမှာ (၁.၀၄၀) ဖြစ်ပြီး လျားထားချက် အပေါ်အမှန် ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၁.၄၁၉) ဒေါ်လာသန်း၊ သွင်းကုန် (-) နှင့် စုစုပေါင်း ကုန်သွယ်မှု ပမာဏ (၁.၄၁၉) ဆောင်ရွက်နိုင်ခဲ့သဖြင့် လျထားချက်အပေါ် (၁၃၆%) ဆောင်ရွက်ခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ လယ်ယာထွက်ကုန်ပစ္စည်းမှ ကြက်သွန်ဖြူ၊ ပန်းသီး၊ ကွမ်းသီး၊ ထန်းလျက်၊ အုန်းသီး၊ ငရုတ်သီးခြောက်၊ ဆီးသီးခြောက်၊ သရက်သီး၊ ရေထွက်ပစ္စည်းမှ ငါးမြစ်ချင်း၊ ငါးသလောက်၊ ငါးခေါင်းပွ၊ ငါးနီတူခြောက်၊ ငါးစုံလေးခြောက်၊ ငါးကုန်းညို ခြောက်၊ ပုစွန်ခြောက်၊ စက်မှုကုန်ချောပစ္စည်းမှ လူကြီးစီးဖိနပ်၊ သနပ်ခါးခဲ၊ ဆီးယိုထုပ်၊ ကော်ဖီမစ်၊ ဆန်ကြာဆံ တို့တင်ပို့ခဲ့သည်။

Border Trade News

Pages