မောင်တောကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီလအတွင်း ကုန်သွယ်မှုလျာထားချက်အပေါ် ြပည့်မီကျော်လွန်အောင် ဆောင်ရွက်နိုင်ခဲ့

Thu, 02/02/2023 - 05:59 -- DotBorderdep

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၀၁ရက်နေ့

              မောင်တောကုန်သွယ်ရေးစခန်းမှ တစ်ဖက်ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်း များ၊ ရေထွက်ကုန်ပစ္စည်းများနှင့် စက်မှုကုန်ချောပစ္စည်းများကို အဓိကတင်ပို့လျက်ရှိသည်။

              မောင်တောကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၀.၈၀၀) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၆၀) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၀.၈၆၀) ဖြစ်သည်။ အမှန် ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၂.၅၃၄) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၀၃) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၂.၅၃၇) ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့ပြီး ကုန်သွယ်မှုလျာထားချက်အပေါ်  (၂၉၅ %) ဆောင်ရွက်နိုင်ခဲ့ သည်။ တင်ပို့ခဲ့သည့်ပစ္စည်းများအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းမှ ကွမ်းသီး၊ ချင်း (အစို)၊ ထန်းလျက်၊ အုန်းသီး၊ ငရုတ်သီးခြောက်(အညှာပါ)၊ ဆီးသီးခြောက်၊ သရက်သီး၊ ရေထွက်ပစ္စည်းမှ ငါးမြစ်ချင်း၊ ငါးသလောက်၊ ငါးနီတူခြောက်၊ ငါးကုန်းညိုခြောက်၊ ငါးစုံလေးခြောက်၊ စက်မှုကုန်ချော ပစ္စည်းအနည်းငယ် တင်ပို့နိုင်ခဲ့ပြီး သွင်းကုန်အနေဖြင့် လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းနှင့် လူသုံးကုန်ပစ္စည်း အနည်းငယ် တင်သွင်းနိုင်ခဲ့ပါသည်။

Border Trade News

Pages