မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန် (၁၉-၃-၂၀၂၃) ရက်နေ့ ကုန်သွယ်မှုအခြေအနေ

Tue, 03/21/2023 - 04:03 -- DotBorderdep

          ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားခြင်းများကို Tradenet 2.0 System တွင် Online ဖြင့် လျှောက်ထားနိုင်သည့်အပြင် ကုန်သွယ်ရေးစခန်းများတွင်လည်း လာရောက်လျှောက်ထားပါက ခွင့်ပြုပေးလျက်ရှိသည်။ (၁၉-၃-၂၀၂၃)ရက်နေ့တွင် လာရောက်လျှောက်ထားမှုများမှ သွင်းကုန်လိုင်စင် (၃၅)စောင် (၂.၁၄၁)ယွမ်သန်းတန်ဖိုးရှိသည့် စက်နှင့်စက်ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ လိမ္မော်သီး၊ ပန်းသီးတို့ကိုခွင့်ပြုထုတ်ပေးခဲ့ပြီး၂၀၂၃ခုနှစ်၊ မတ်လ (၁)ရက်နေ့မှ (၁၉)ရက်နေ့ထိ ပို့ကုန် လိုင်စင် (-)စောင်နှင့် သွင်းကုန်လိုင်စင် (၅၇၅)စောင်ခွင့်ပြုထုတ်ပေးခဲ့ပါသည်။ (၁၉-၃-၂၀၂၃)ရက်နေ့ တွင် အများဆုံးပို့ကုန်ပစ္စည်းများမှာ ပဲတီစိမ်း၊ မြေပဲ၊ မြေထောက်ပဲ၊ ငါးရှဉ့်၊ ပဲကြီး၊ ဖရဲသီး၊ နနွင်းတက်၊ သခွားမွှေး၊ နှမ်းနက်၊ ကြက်သွန်နီတို့ဖြစ်ပြီးအများဆုံးသွင်းကုန်ပစ္စည်းများမှာယာဉ်နှင့်ယာဉ်ယန္တရားများ၊ ဒီဇယ်ဆီ၊ လျှပ်စစ် မီးလုံး၊ ကွန်ကရိဖျော်စက်၊ လိမ္မော်သီး၊ တစ်သျှူးစက္ကူ၊ ကလေးစီးဖိနပ်၊ ဆေးသကြား၊ လျှပ်စစ်သံဖြတ်စက်၊ ပန်းသီးတို့ဖြစ်သည်။

          မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ တင်ပို့သည့် ပို့ကုန်ပစ္စည်းများမှ တစ်ဘက်နိုင်ငံသို့ တင်ပို့ ရောင်းချရာတွင် အကောက်ခွန်သက်သာခွင့်အတွက် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ထုတ်ပေးသော ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form E ကို တင်ပို့သူမှတောင်းခံလာပါက စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ စိစစ်ခွင့်ပြုပေးလျက်ရှိသည်။ (၁၉-၃-၂၀၂၃)ရက်နေ့တွင် Form Eထုတ်ပေးမှုမှာ (၃၁)စောင်ဖြစ်ပြီး ALUMINIUM INGOT (၁)စောင်၊ ဖာလာစေ့ (၂)စောင်၊ မာလာဥခေါင်း(၂)စောင်၊ ကဏန်း (၄)စောင်၊ လျှော်ဖြူ (၁)စောင်၊ ဆံပင်(၁)စောင်၊ မိကျောင်းကွမ်းဖတ်စေ့ (၅)စောင်၊ ငါးရှဉ့်(၅)စောင်၊ ဆန်ကွဲ (၁)စောင်၊ သံလွင်စေ့ (၁) စောင်၊ နေလဲစေ့ (၆)စောင်၊ ဖရုံသီး (၁)စောင်၊ ကြိမ်စေ့နှင့် ပေသီး (၁)စောင်တို့အားခွင့်ပြုထုတ်ပေးခဲ့ပြီး ၂၀၂၃ ခုနှစ်၊ မတ်လ(၁)ရက်နေ့မှ (၁၉)ရက်နေ့အထိ Form E (၅၆၁)စောင်ထုတ်ပေးခဲ့သည်။

          (၁၉-၃-၂၀၂၃)ရက်နေ့တွင် ပို့ကုန်ယာဉ်စီးရေ (၂၀၇)စီး၊ သွင်းကုန်ယာဉ်စီးရေ (၉၇)စီး၊ စုစုပေါင်း (၃၀၄)စီးကုန်သွယ်မှုဆောင်ရွက်ခဲ့ပြီး ယခုရက်ပိုင်းတွင် ပဲတီစိမ်း၊ မြေပဲ၊ မြေထောက်ပဲ၊ ငါးရှဉ့်၊ ပဲကြီး၊ ဖရဲသီး၊ နနွင်းတက်၊ သခွားမွှေး၊ နှမ်းနက်၊ ကြက်သွန်နီအစရှိသည့် ပို့ကုန်ပစ္စည်းများ တင်ပို့လျက်ရှိသည်။ (၁-၃-၂၀၂၃ မှ၁၉-၃-၂၀၂၃)ရက်နေ့အထိ ပို့ကုန်ယာဉ်စီးရေ (၄၄၁၀)စီး၊ သွင်းကုန်ယာဉ်စီးရေ (၁၁၉၈)စီး ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့သည်။

          မြန်မာ-တရုတ် နယ်စပ်ဒေသကုန်သွယ်မှုများအတွက် ငွေပေးချေမှုကို ယွမ်ငွေကြေး၊ ဒေါ်လာ ငွေကြေးများဖြင့် ဆောင်ရွက်လျက်ရှိသည်။ ပဲ၊ ပြောင်း၊ နှမ်း၊ မြေပဲဆံတို့ကို ဒေါ်လာငွေကြေးအပြင် ယွမ်ငွေကြေးဖြင့်ပါ ဆောင်ရွက်ခွင့်ပြုပြီး ဆန်၊ ဆန်ကွဲ၊ အခြားလယ်ယာထွက်ကုန်ပစ္စည်းများနှင့် ရေထွက် ပစ္စည်းဖြစ်သည့် ကဏန်း၊ ငါးရှဉ့်တို့ကို ယွမ်ငွေကြေးဖြင့် ခွင့်ပြုဆောင်ရွက်လျက်ရှိသည်။

          မူဆယ်ဒေသမှ အများဆုံးတင်ပို့သည့် ပဲတီစိမ်း ဈေးနှုန်းမှာ (၁)တန်လျှင် (၅၂၀၀-၅၉၀၀)ယွမ်၊ ပြောင်းဖူးစေ့ (၁)တန်လျှင် (၂၃၈၀-၂၄၈၀)ယွမ်၊ နှမ်းနက် (၁)တန်လျှင် (၁၁၅၀၀-၁၂၀၀၀)ယွမ်၊နှမ်းညို (၁)တန်လျှင် (၈၀၀၀-၈၅၀၀)ယွမ် ၊ မြေပဲဆံ (၁)တန်လျှင် (၉၅၀၀-၉၇၀၀ )ယွမ်၊ ဆန် (ဧည့်မထ)၂၅% (၁ )တန်လျှင် (၂၂၈၀ )ယွမ်၊ ဆန်ကွဲ (A 1-2) (၁)တန်လျှင် (၂၅၂၀ )ယွမ်၊ ရော်ဘာ RSS-3 (၁)တန်လျှင် (၇၀၀၀-၇၅၀၀)ယွမ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ပြုလုပ်နေကြောင်းသိရှိရသည်။

          ပို့ကုန်လုပ်ငန်းဆောင်ရွက်သည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတင်ပို့ခဲ့သည့်ပစ္စည်းများ၏ တန်ဖိုး အတိုင်း တစ်ဖက်နိုင်ငံ ဝယ်ယူသည့်ကုန်ဝယ်သူမှပေးချေသည့် ကုန်ဖိုးငွေကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ညွှန်ကြားချက်အတိုင်း ဘဏ်စနစ်ဖြင့် ပို့ကုန်ရငွေများ ဝင်ရောက်နိုင်ရေးဆောင်ရွက်ရန် လိုအပ်သည်။

Border Trade News

Pages