ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ် ၊ မေလ (၂၀) ရက် နေ့မှ (၂၆) ရက်နေ့အထိ ကုန်သွယ်မှုသတင်း

Thu, 06/01/2023 - 08:04 -- DotBorderdep

          ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ မေလ (၂၀) ရက်နေ့မှ (၂၆) ရက်နေ့အထိ တစ်ပတ် အတွင်း အများဆုံတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်း (၁၀)မျိုးမှာ မြေပဲဆံ (၉၀၁.၅၀၀) တန်၊ တန်ဖိုး (၁.၄၀၄) ဒေါ်လာသန်း၊ ပဲတီစိမ်း (၁၅၅၄.၀၀၀) တန်၊ တန်ဖိုး (၀.၉၂၉) ဒေါ်လာသန်း၊ ဆန်ကွဲ (၁၃၉၈.၀၀၀) တန်၊ တန်ဖိုး (၀.၅၃၀) ဒေါ်လာသန်း၊ ရာဘာ (၃၃၇.၀၀၀) တန်၊ တန်ဖိုး (၀.၃၈၃) ဒေါ်လာသန်း၊ ဝဥခြောက် (၁၁၈.၄၃၅) တန်၊ တန်ဖိုး (၀.၂၁၃) ဒေါ်လာသန်း၊ ပဲယင်း (၂၆၈.၅၀၀)တန်၊ (၀.၂၁၁) ဒေါ်လာသန်း၊ နှမ်းညို (၉၆.၀၀၄)တန်၊ (၀.၁၅၆) ဒေါ်လာသန်း၊ နှမ်းနက် (၉၈.၂၅၀) တန်၊ တန်ဖိုး (၀.၁၅၂) ဒေါ်လာသန်း၊ မြေထောက်ပဲ (၁၀၂.၆၀၇) တန်၊ တန်ဖိုး (၀.၁၃၄) ဒေါ်လာသန်း၊ လက်ဘက်ခြောက် (၁၀၅.၂၁၁) တန်၊ တန်ဖိုး (၀.၁၀၃) ဒေါ်လာသန်း၊ တင်ပို့နိုင်ခဲ့သည်။

          အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း (၁၀)မျိုးမှာ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ (၄.၄၅၈)ဒေါ်လာသန်း၊ ချည်ထည်များ(၄.၁၂၇)ဒေါ်လာသန်း၊ သံနှင့်သံမဏိပစ္စည်းများ (၁.၇၃၁)ဒေါ်လာသန်း၊ဓါတ်မြေဩဇာ(၁.၅၂၅) ဒေါ်လာသန်း၊ဇာနှင့် ဇာထိုးထားသောအထည်အလိပ်များ (၁.၂၆၆) ဒေါ်လာသန်း၊ လုပ်ငန်းသုံးအခြားပစ္စည်းများ (၀.၉၆၃) ဒေါ်လာသန်း၊ စက်နှင့် စက်ပစ္စည်းများ (၀.၉၅၉) ဒေါ်လာသန်း၊ လူသုံးအခြားပစ္စည်းများ (၀.၆၅၀)ဒေါ်လာသန်း၊လျှပ်စစ်ဓါတ်ဖြန့်ဖြူးရေးနှင့်တပ်ဆင်ရေးပစ္စည်းများ (၀.၅၆၉) ဒေါ်လာသန်းနှင့်ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ(၀.၅၃၂) ဒေါ်လာသန်းတင်သွင်းနိုင်ခဲ့သည်။

          ကုန်စည်သယ်ယူစရိတ်အနေဖြင့် မန္တလေးမှ ချင်းရွှေဟော်သို့ ယခုသီတင်းပတ်တွင် ပို့ကုန်တစ်တန်လျှင် (၆၀၀၀၀) ကျပ် ရှိကြောင်း သိရှိရပါသည်။ လယ်ယာထွက်ကုန်ပစ္စည်းများ၏ (၁) တန်ဈေးနှုန်းမှာ ဆန် (၃၂၀၀) ယွမ်နှုန်း၊ ဆန်ကွဲ (၃၁၀၀) ယွမ်နှုန်း၊ ပဲတီစိမ်း (၅၉၀၀) ယွမ်နှုန်း၊ မြေထောက်ပဲ (၈၀၀၀) ယွမ်နှုန်း၊ ပဲလွန်းဖြူ (၄၇၀၀) ယွမ်နှုန်း၊ ပြောင်း (၂၃၀၀) ယွမ်နှုန်း၊ နှမ်း (၁၂၀၀၀) ယွမ်နှုန်း၊ ရော်ဘာ (၈၀၀၀) ယွမ်နှုန်း၊ ငရုတ်အစို (၅၀၀၀) ယွမ်နှုန်း၊ ငရုတ်ခြောက် (၉၀၀၀) ယွမ်နှုန်းရှိခဲ့ကြောင်း သိရှိရသည်။

 

                                                                                                  ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း

Border Trade News

Pages