ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ် ၊ ဖေဖော်ဝါရီလအတွက် ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးကျင်းပ

Fri, 03/03/2023 - 05:44 -- DotBorderdep

          ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့်ကုန်သွယ်မှုလုပ်ငန်းများကိုမှန်ကန် မြန်ဆန်စွာဆောင်ရွက်နိုင်ရန်အတွက် ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလအတွက်ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ မတ်လ (၁)ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် ချင်းရွှေဟော်ကုန်သွယ်ရေး စခန်း အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းတာဝန်ခံ၊ ညွှန်ကြားရေးမှူးဦးမိုးဇော်ဦးမှ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ဖေဖော်ဝါရီလ ကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန်(၂၈.၀၀၀)ဒေါ်လာသန်း၊ သွင်းကုန်(၇.၀၀၀) ဒေါ်လာသန်း နှင့် ကုန်သွယ်မှုပမာဏအနေဖြင့် (၃၅.၀၀၀) ဒေါ်လာသန်းဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ ကုန်သွယ်မှု ဆောင်ရွက်နိုင်မှု (ယာယီ) အနေဖြင့် ပို့ကုန် (၃၁.၀၂၇) ဒေါ်လာသန်း၊ သွင်းကုန် (၂၁.၄၃၀) ဒေါ်လာသန်းနှင့် ကုန်သွယ်မှုပမာဏ (၅၂.၄၅၇) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ပို့ကုန်အနေဖြင့် လျာထားချက် အပေါ်တွင် (၁၁၀.၈၁%)၊ သွင်းကုန်အနေဖြင့် လျာထားချက်အပေါ်တွင် (၃၀၆.၁၄%)၊ ကုန်သွယ်မှုပမာဏအနေဖြင့် (၁၄၉.၈၈%)အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြောကြားသည်။

          ဖေဖော်ဝါရီလကုန်သွယ်မှုပမာဏအနေဖြင့် အလားတူကာလဖြစ်သည့် ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်၊ ဖေဖော်ဝါရီလ ကုန်သွယ်မှုပမာဏနှင့် နှိုင်းယှဉ်ပါက ပို့ကုန်တွင် (၂၁.၅၆၂) ဒေါ်လာသန်း၊ သွင်းကုန်တွင် (၁၈.၄၈၈) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏအနေဖြင့် (၄၀.၀၅၀) ဒေါ်လာသန်း ပိုမိုဆောင်ရွက်နိုင်ခဲ့ ကြောင်း ပြောကြားသည်။

          အနီးစပ်ဆုံးကာလဖြစ်သည့် ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်၊ ဇန်နဝါရီလကုန်သွယ်မှုပမာဏနှင့်နှိုင်းယှဉ်ပါက ပို့ကုန်တွင် (၃.၇၈၈) ဒေါ်လာသန်း ပိုမိုဆောင်ရွက်နိုင်၍ သွင်းကုန်တွင် (၃.၇၈၀) ဒေါ်လာသန်း လျော့နည်း ပြီး ကုန်သွယ်မှုပမာဏတွင် (၀.၀၀၈) ဒေါ်လာသန်း ပိုမိုဆောင်ရွက်နိုင်ခဲ့ကြောင်း ပြောကြားသည်။     

          မတ်လကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန်(၃၅.၀၀၀)ဒေါ်လာသန်း၊ သွင်းကုန်(၁၀.၀၀၀)ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏအနေဖြင့် (၄၅.၀၀၀) ဒေါ်လာသန်းဖြစ်၍ မတ်လ ကုန်သွယ်မှုလျာထားချက် ပြည့်မီ ကျော်လွန်ရေးကြိုးပမ်းဆောင်ရွက်ရန်ဖြစ်ကြောင်း ပြောကြားသည်။

          ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းအနေဖြင့် ကုန်သွယ်မှုပမာဏတိုးတက်စေရေး၊ ကုန်သွယ်မှုလွယ်ကူ စေရေး၊ ကုန်သွယ်မှုလျှင်မြန်ချောမွေ့စေရေး ကုန်သည်လုပ်ငန်းရှင်များနှင့် ထိတွေ့မှုရှိစေရေးတို့အတွက် လစဉ်ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးကျင်းပပြုလုပ်ရန် အထက်ဌာနမှ ညွှန်ကြားချက်အရ လစဉ် ကျင်းပပြုလုပ်လျက်ရှိကြောင်း ပြောကြားသည်။

          Vehicle Monitoring System ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှစ၍ မူဆယ်၊ မြဝတီ၊ ချင်းရွှေဟော်ကုန်သွယ်ရေးလမ်းကြောင်းများ၌ အသုံးပြုလျက်ရှိပြီး အဆိုပါစနစ်မှာ Tradenet 2.0 စနစ်မှ ခွင့်ပြုထုတ်ပေးသည့် နယ်စပ်ပို့ကုန်လိုင်စင်များကို Vehicle Gate Pass Certificate လျှောက်ထားနိုင်အောင် ဆောင်ရွက်ထားသည့်စနစ်ဖြစ်ပြီး အထက်ပါ Certificate နှင့် ဖြတ်သန်းသွားသော ယာဉ်ပေါ်ပါကုန်ပစ္စည်း တန်ချိန်ကို စနစ်မှ အလိုအလျှောက် Balance လက်ကျန်သတ်မှတ်မှုကြောင့် ကုန်သည်လုပ်ငန်းရှင်များ အနေဖြင့် Certificate မလျှောက်ထားမီ လိုင်စင်တွင် Balance လက်ကျန် ရှိ/မရှိ သေချာစွာ စစ်ဆေးပြီးမှ လျှောက်ထားရန်ဖြစ်ကြောင်း၊ ထို့အပြင် ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ (၅/၂၀၂၃)ဖြင့် ထုတ်ပြန်သည့် Tradenet 2.0 စနစ်ဖြင့် ပို့ကုန်/သွင်းကုန် လိုင်စင်/ပါမစ် ခွင့်ပြုချက်ရရှိပြီး သတ်မှတ်ကာလ အတွင်း လိုင်စင်/ပါမစ်ကြေး ပေးသွင်းရန်ကိစ္စကိုလည်းကောင်း ရှင်းလင်းပြောကြားသည်။

          အစည်းအဝေးသို့ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ OSS ဌာနများ၊ မိတ်ဖက်ဌာနများ၊ ကွမ်းလုံ၊ ဟိုပန်၊ ချင်းရွှေဟော်၊ လောက်ကိုင် နယ်စပ်ကုန်သွယ်ရေးကုန်သည်များအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် ကုန်သည်လုပ်ငန်းရှင်များ၊ ကုမ္ပဏီကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

                                                                                                                                           

         

                                                                                                  ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း

Border Trade News

Pages