e-Commerce Law(မူကြမ်း)ရေးဆွဲရေးကော်မတီ၏ (၁/၂၀၂၄) ကြိမ်မြောက် ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Tue, 09/24/2024 - 06:52 -- dotadmin

e-Commerce Law(မူကြမ်း)ရေးဆွဲရေးကော်မတီ၏ (၁/၂၀၂၄) ကြိမ်မြောက် ပထမ အကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်-၃ တွင် e-Commerce Law(မူကြမ်း) ရေးဆွဲရေးကော်မတီ ဥက္ကဌ၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ကျင်းပခဲ့ရာ သက်ဆိုင်ရာဦးစီးဌာနများမှ ကော်မတီအဖွဲ့ဝင် ၂၀ ဦး တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် ကော်မတီ ဥက္ကဌက e-Commerce ကဏ္ဍအတွက် သီးခြားဥပဒေ တစ်ခုရေးဆွဲနိုင်ရန် ကဏ္ဍစုံမှအရင်းအမြစ်များစွာ စိုက်ထုတ်ဆောင်ရွက်ရမည့်အပြင် e-Commerce ကဲ့သို့ ကျယ်ပြန့်သော ဘာသာရပ်အတွက် ဥပဒေတစ်ခုကို ပြဌာန်းကျင့်သုံးရန် အချိန်ယူရေးဆွဲ ဆောင်ရွက်ရမှာဖြစ်ပြီး ကျယ်ပြန့်နက်နဲသော ဘာသာရပ်ဖြစ်သော်လည်း e-Commerce လုပ်ငန်း များတွင် ကျယ်ထွန်းကားလာသည်နှင့်အမျှ အစိုးရပိုင်းအနေဖြင့် စနစ်တကျထိန်းကျောင်းဆောင်ရွက် ရန်လိုအပ်ပါကြောင်း၊ ထို့အပြင် ဒေသတွင်းနိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများကြားမှာလည်း ACCEC Agreement, RCEP Agreement စတာတွေရှိလာသလို၊ Workplan တွေ၊ Action Plan တွေအရ လိုက်ပါဆောင်ရွက်ရမှာတွေလည်း ရှိလာတာကိုတွေ့ရှိရပြီး ပြည်တွင်း၊ဒေသတွင်းနဲ့မိတ်ဖက်နိုင်ငံ များနှင့်အတူ လုပ်ငန်းများဆက်စပ်ဆောင်ရွက်လာတဲ့အခါတွင် မိမိတို့နိုင်ငံသားများ အကာအကွယ် ရစေဖို့နှင့် စည်းကမ်းစနစ်တကျဖြစ်စေဖို့ ဥပဒေ၊ နည်းဥပဒေများ လိုအပ်လာမှာဖြစ်ပါကြောင်း၊ လက်ရှိတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် e-Commerce ဥပဒေ တစ်ရပ်သီးခြားထုတ်ပြန်ခြင်းမပြုမီ e-Commerce Guideline ထုတ်ပြန်ကာ ထိန်းကျောင်းဆောင် ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ၂-၁၀-၂၀၂၃ ရက်မှစ၍ e-Commerce (Online Shop) Registration စနစ်ဖြစ်သော အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းများမှတ်ပုံတင်လက်မှတ်ကို ခွင့်ပြုထုတ်ပေး လျက်ရှိပါကြောင်း  ဆွေးနွေးပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဆက်စပ်ဦးစီးဌာနများမှ ကော်မတီအဖွဲ့ဝင်တစ်ဦးချင်းသည် ဌာနအလိုက် ဆောင်ရွက်လျက်ရှိသည့် e-Commerce Law အထောက်အကူပြုလုပ်ငန်းများနှင့် e-Commerce Law ရေးဆွဲနိုင်ရေးအတွက် အကြံပြုဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

Pages