အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာ လျှောက်လွှာလက်ခံခြင်းသင်တန်း အမှတ်စဉ် (၁/၂၀၂၃) ဖွင့်လှစ်

Tue, 01/10/2023 - 04:41 -- mocadmin

   မူပိုင်ခွင့်ဦးစီးဌာန၏ လျှောက်လွှာလက်ခံဌာန (Reception)တွင် တာဝန်ပေးအပ်ရန်လျာထားသည့် ဝန်ထမ်းများအတွက် အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာ လျှောက်လွှာလက်ခံခြင်း သင်တန်းအမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် နေပြည်တော်၊ ရုံးအမှတ်(၅၂) ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၌ကျင်းပသည်။

   အဆိုပါသင်တန်းကို အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စများအား ဆောင်ရွက်ရာတွင် လျှောက်လွှာများလက်ခံခြင်း၊ သတ်မှတ်နှုန်းထားအတိုင်း အခကြေးငွေများလက်ခံခြင်း၊ လျှောက်လွှာများတွင်ပါဝင်သော အချက်အလက်များကို အဆင့်ဆင့်စစ်ဆေး ခြင်းနှင့် စာရင်းသွင်းခြင်းစသည့် လုပ်ငန်းစဉ်များအား ကျွမ်းကျင်စွာဖြင့်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး၊ သင်တန်းတွင် ကုန်အမှတ်တံဆိပ် မှတ်ပုံတင်လျှောက်ထားခြင်းဆိုင်ရာများနှင့် အိုင်တီစနစ်အသုံးပြု၍ လျှောက်လွှာလက်ခံသည့်စနစ်များကို စာတွေ့ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်သည်။

   အဆိုပါသင်တန်းကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၆) ရက်နေ့မှ (၁၂) ရက်နေ့အထိ (ရုံးပိတ်ရက်မပါ) (၅) ရက်ကြာ ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ပြီး စုစုပေါင်း သင်တန်းသားဦးရေ (၃၀) ဦး တက်ရောက်မည်ဖြစ်ကြောင်းသတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages