လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ

Thu, 06/08/2023 - 03:40 -- mocadmin

  အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Auto Top Power Co., Ltd. မှ တင်သွင်းလာ‌သော Honda ENS1 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် (၉) စီး၊ Faw Toyota BZ4X အမျိုးအစား လျှပ်စစ်သုံး မော်တော်ယာဉ် (၆) စီး၊ Myanmar Brilliance Auto Co., Ltd. မှ တင်သွင်းလာသော Kaiyi B-EV အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် (၆) စီးနှင့် Chin Dwin Shan Construction Co., Ltd. မှ တင်သွင်းလာသော BYD Dolphin အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် (၁၅) စီး၊ စုစုပေါင်း လျှပ်စစ်သုံးမော်တော်ယာဉ် (၃၆) စီးသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် (၇-၆-၂၀၂၃) ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်းနှင့် အဆိုပါ လျှပ်စစ်သုံးမော်တော်ယာဉ်များ တင်သွင်းမှု အတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

Pages