တူကီယဲနိုင်ငံသည် စပါး၊ ဆန်ညိုနှင့် ဆန်ဖြူများတင်သွင်းမှုအတွက် အခွန်ကောက်ခံမှုကို သုံည(၀%) ထိလျှော့ချ

Tue, 12/27/2022 - 03:15 -- mocadmin

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်

တူကီယဲနိုင်ငံသည် စပါး၊ ဆန်ညိုနှင့် ဆန်ဖြူများ တင်သွင်းမှုများအတွက် အခွန်ကောက်ခံမှုများကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၃၁)ရက်နေ့ အထိ သုံည (၀%) အထိ လျော့ချမည်ဖြစ်ကြောင်းကို (၁၅-၁၂-၂၀၂၂)ရက်နေ့တွင် တူကီယဲအစိုးရမှ တရားဝင်ကြေငြာကြောင်းသိရသည်။ တူကီယဲနိုင်ငံသည် စပါး၊ ဆန်ညိုနှင့် ဆန်ဖြူများကို ပြည်တွင်းထုတ်လုပ်မှု မြင့်မားလာစေရန် စပါးတင်သွင်းမှုများအတွက် သွင်းကုန် အခွန်(၃၄%), ဆန်ညိုတင်သွင်းမှုများအတွက် သွင်းကုန်အခွန် (၃၆%)နှင့် ဆန်ဖြူ တင်သွင်းမှုများအတွက် သွင်းကုန်အခွန် (၄၅%)အထိ အသီးသီးချမှတ်ထားပါသည်။ သို့သော်လည်း လာမည့် ၂၀၂၃ ခုနှစ်တွင် ပြည်တွင်းစားသောက်မှုဖူလုံစေရေးနှင့် စျေးနှုန်းတည်ငြိမ် စေရေးအတွက် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၃၁)ရက်နေ့အထိ စပါး၊ ဆန်ညိုနှင့် ဆန်ဖြူများတင်သွင်းမှုနှင့် ပတ်သက်၍ သွင်းကုန်အခွန်ကို (၀%)သတ်မှတ်လိုက်ကြောင်းသိရှိရသည်။

ရင်းမြစ်-tridge.com

 

 

 

နောက်ဆုံးရသတင်းများ

Pages