မူပိုင်ခွင့်ဦးစီးဌာန၊ ရန်ကုန်တိုင်းရုံးဖွင့်လှစ်မည့်နေရာနှင့် ဝန်ကြီးဌာနပိုင်သိုလှောင်ရုံများအား စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ကြည့်ရှုစစ်ဆေး

Fri, 01/20/2023 - 10:22 -- mocadmin

                  နေပြည်တော်၊ ဇန်နဝါရီ ၂၀ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့ ၁၃:၀၀ နာရီအချိန်၌ ရန်ကုန်တိုင်းဒေသကြီးရုံး အဆောက်အဦတွင် မူပိုင်ခွင့်ဦးစီးဌာန၊ ရန်ကုန်တိုင်းရုံး ဖွင့်လှစ်မည့်နေရာအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ရုံးသစ်ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သည့်ဆက်စပ်ပစ္စည်း များရရှိရေး၊ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများကို စနစ်တကျဆောင်ရွက်ရေးနှင့် မကြာမီကာလအတွင်း ကုန်အမှတ်တံဆိပ် ဥပဒေအာဏာသက်ဝင်ဆောင်ရွက်တော့မည်ဖြစ်၍ ကုန်အမှတ်တံဆိပ်မှတ်ပုံတင်လုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရေး ပြင်ဆင်ထားရှိရေးကိစ္စရပ်များ မှာကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မင်္လာတောင်ညွှန့်မြို့နယ်၊ စက်ဆန်းရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနပိုင်သိုလှောင်ရုံးများအား လိုက်လံကြည့်ရှုစစ်ဆေးကာလိုအပ်သည်များမှာကြား ခဲ့ကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages