စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ရန်ကုန်မြို့ရှိ ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့သည့် ဆိမ်းကမ်းများနှင့် စားသုံးဆီသိုလှောင်ကန်များအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မ

Fri, 12/23/2022 - 15:17 -- mocadmin

        ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ‌ရွှေမဲဆိပ်ကမ်း၌ နှစ်နိုင်ငံအစိုးရချင်း သဘောတူစာချုပ်အရ ဘင်္ဂလားးဒေ့ချ်နိုင်ငံ သို့ ဆန်တင်ပို့မှုအခြေအနေအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦး ကြည့်ရှုစစ်ဆေးခဲ့ရာ ဆိပ်ကမ်းမှ တာဝန်ရှိသူများက ဆန်တင်ပို့မှု အခြေအနေနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပါသည်။ ထို့နောက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဌက ဘင်္ဂလားးဒေ့ချ်နိုင်ငံသို့ စုစုပေါင်းဆန်တန်ချိန် နှစ်သိန်း တင်ပို့ရမည့်အပေါ် ဆန်တန်ချိန် တစ်သိန်းခြောက်သောင်းကျော် တင်ပို့ပြီးစီးမှုအခြေအနေ၊ တင်ပို့ရန်ကျန်ရှိသည့် ဆန်များကိုလည်း သတ်မှတ်ကာလအတွင်း ပြည့်မီအောင် တင်ပို့နိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ဆန်ပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရေးကိစ္စများကို  ရှင်းလင်း တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

        ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကြည့်မြင်တိုင်ဆိပ်ကမ်းရှိ ထူးကုမ္ပဏီ၊ Diamond Dragon Co., Ltd နှင့် Six Winner Brother Co., Ltd တို့၏ စားသုံးဆီ သိုလှောင်ကန်များတွင် စားသုံးဆီသိုလှောင်မှု၊ ဖြန့်ဖြူးမှုနှင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရန် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ အကြံပြုဆွေးနွေး ခဲ့ပါသည်။

         ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲ ၁၃း၀၀ နာရီ အချိန်တွင် ရန်ကုန်မြို့ရှိ Pan Pacific Hotel ၌ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၏ (၃၁) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးသို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။

         အဆိုပါ အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ ဒုတိယဝန်ကြီးများ၊ ရန်ကုန်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအခြေစိုက် ပြည်ပသံရုံး များမှ သံအမတ်ကြီးများ၊ အစိုးရဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းများမှ ကိုယ်စားလှယ် များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages