ကန်ဒေါ်လာ သန်း ၂၀၀ ကျော်နှင့် ကျပ် ၂၅ ဘီလီယံကျော်ကို လယ်ယာကဏ္ဍနှင့် မွေးမြူရေးကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံခွင့်ပြု

Wed, 09/11/2019 - 08:55 -- admin_ygn

      လယ်ယာကဏ္ဍနှင့် မွေးမြူရေးကဏ္ဍ ပါဝင်သည့် ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းများတွင် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော်နှင့် ကျပ် ၂၅ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံခွင့် ပြုလိုက် ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန် ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောသည်။ စက်တင်ဘာ ၅ ရက်က ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ တွင် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ “အခုက လယ်ယာကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ဒသမ ၅ ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။ တစ်ရာခိုင်နှုန်းတောင် မရှိဘူးဆိုတော့ နည်းတယ် ပြောရမှာပေါ့။ လယ်ယာကဏ္ဍ ရင်းနှီးမြှုပ်နှံမှု လက်ရှိရင်းနှီးမြှုပ်နှံမှု မူဝါဒတွေကို တိုးမြှင့်ဖို့ စဉ်းစားတဲ့အခါမှာ လယ်ယာကဏ္ဍနဲ့ စက်မှုကဏ္ဍနှစ်ခုကို ချိတ်ဆက်ပြီး တိုးတက်အောင် လုပ်သွားရမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

    လက်ရှိခွင့်ပြုလိုက်သည့် လုပ်ငန်းများမှာ လယ်ယာကဏ္ဍ မှ လုပ်ငန်းတစ်ခု၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍမှ လုပ်ငန်း နှစ်ခုနှင့် အိမ်ရာ အဆောက်အအုံတည်ဆောက် ဖွံ့ဖြိုးမှုကဏ္ဍမှ လုပ်ငန်းသုံးခု စုစုပေါင်း လုပ်ငန်ြးေ ခာက်ခုဖြစ်ပြီး အလုပ် အကိုင် အခွင့်အလမ်းပေါင်း ၃၇၄ နေရာကို ဖန်တီးပေးနိုင် မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ယင်းသို့ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူများ ၀င်ရောက် လာခြင်းဖြင့် ပြည်တွင်းရှိ တောင်သူများ စိုက်ပျိုးေ ရး နည်းစနစ်များ ကျန်ရှိနိုင်ခြင်း၊ တိုင်းပြည်ဝင်ငွေတွင် စိုက်ပျိုးရေး ကဏ္ဍတို့မှ ၀င်ငွေတိုးတက်လာခြင်းတို့ကြောင့် အောင်မြင်သည့် စိုက်ပျိုးရေး နိုင်ငံတစ်ခုအဖြစ် ရပ်တည်လာနိုင်မည်ဖြစ်သည် ဟု ဆိုသည်။ ယခုအချိန်၌ စိုက်ပျိုးရေး ကဏ္ဍသည် ပြည်တွင်း အသားတင် ထုတ်ကုန်တန်ဖိုး GDP ၏ ၃၂ ရာခိုင်နှုန်းရှိပြီး ပြည်ပပို့ကုန်ဝင်ငွေ၏ ၂၀ ရာခိုင်နှုန်းသာရှိကြောင်း ၎င်းက ပြောသည်။

     မြန်မာ့လယ်ယာကဏ္ဍတွင် လက်ရှိ တရုတ်၊ စင်ကာပူ၊ ကိုရီးယား၊ ထိုင်း၊ မလေးရှား ၊ ပြင်သစ်၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံ တို့က ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။ ၁၉၈၈ ခုနှစ်မှ ၂၀၁၉ ခုနှစ် ဇူလိုင်လကုန်အထိ နိုင်ငံပေါင်း ၅၀ နိုင်ငံတို့မှ စီးပွားရေးကဏ္ဍ ၁၂ ခု တွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၁၇၇၉ ခု ရင်းနှီးမြှုပ်နှံလျက်ရှိရာ စုစုပေါင်း အမေရိကန် ဒေါ်လာ သန်းပေါင်း ၈၁၂၄၉ ဒသမ ၁၉၃ ဖြင့် ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုမိန့်များ ထုတ်ပေးထားပြီး ရင်းနှီြး မှုပ်နှံ မှု အများဆုံး ပြုလုပ်သော နိုင်ငံများမှာ စင်ကာပူ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့ ဖြစ်ကြောင်း သိရသည်။

 

ပန်းဆု

Local Trade News

Pages