မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ မတ်လ(၁၈) ရက်နေ့မှ (၁၉)ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၂၄၀၂) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၀၀၀၆) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၂၄၀၈) သန်း ကုန်သွယ်မှု ဆောင်ရွက် နိုင်ခဲ့ ပါသည်။

        မောတောင်ကုန်သွယ်ရေးစခန်းမှ မတ်လ(၁၈) ရက်နေ့ မှ (၁၉) ရက်နေ့အထိ လယ်ယာ ထွက်ကုန်ပစ္စည်းအနေဖြင့် ကြက်သွန်နီ (၁၃၂.၄၀၀) တန်၊ (၀.၀၆၀၅) ဒေါ်လာသန်း၊ ငရုတ်သီး (၁၉၇.၄၆၆) တန်၊ တန်ဖိုး (၀.၁၃၂၃) ဒေါ်လာသန်း၊ ရေထွက်ကုန်ပစ္စည်း အနေဖြင့် ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ကင်းမွန်နှင့် အခြားရေထွက် ပစ္စည်းများ (၂၈.၅၅၀) တန်၊ တန်ဖိုး (၀.၀၄၇၄) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ သွင်းကုန်တင်သွင်းမှုအနေဖြင့် သစ်သီးမျိုးစုံ (၁.၅၀၀) တန်၊ တန်ဖိုး (၀.၀၀၀၆) ဒေါ်လာသန်း တင်သွင်း ခဲ့ပါသည်။

          မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့်   ပို့ကုန်ပစ္စည်းများ၏ (၁) တန်ဈေးနှုန်း များမှာ ငါးမျိုးစုံ (၈၆၅.၄၅၀) ဒေါ်လာနှုန်း၊ ပုစွန် (၁၄၂၈.၆၃၅) ဒေါ်လာနှုန်း၊ ကဏန်း (၂၆၃.၂၃၀) ဒေါ်လာနှုန်း၊ ကင်းမွန် (၂၁၈၀.၈၀၀) ဒေါ်လာနှုန်း၊ ကြက်သွန်နီ (၄၅၆.၉၄၉) ဒေါ်လာနှုန်း၊ ငရုတ်သီး (၆၆၉.၉၈၉) ဒေါ်လာနှုန်း ဖြစ်ပါသည်။

          မောတောင်ကုန်သွယ်ရေးစခန်းအဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁) တန်ဈေး နှုန်းမှာ - သစ်သီး (၄၀၀.၀၀၀) ဒေါ်လာနှုန်း ဖြစ်ပါသည်။

          မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။

               ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသောပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကဖြစ်သည်။

             ၂၀၂၄ ခုနှစ်၊မတ်လကုန်သွယ်မှုလျာထားချက်မှာအမေရိကန်ဒေါ်လာ (၂၄.၅၀၀) သန်းဖြစ်ပြီး (၁၈-၃-၂၀၂၄)ရက်နေ့ထိအမှန်ဆောင်ရွက်နိုင်မှုမှာ (၂၁.၇၈၈)ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့သဖြင့် လျာထားချက်အပေါ် (၈၈.၉၃၁ % ) ဆောင်ရွက်နိုင်ခဲ့ပါသည်။

၂၀၂၄ ခုနှစ်၊ မတ်လ၁၇ရက်နေ့မှ ၁၈ရက်နေ့အထိ ပို့ကုန်တန်ချိန် (၄၇၆၉.၃၇၉)တန်၊တန်ဖိုးအမေရိကန်ဒေါ်လာ(၂.၃၅၅)သန်းနှင့်သွင်းကုန်တန်ချိန်(၃၆၇.၆၃၈)တန်၊(၅၃၅)U၊(၁၀၅၃၀၀)2U၊(၁၅၀၀)BBL၊တန်ဖိုးအမေရိကန်ဒေါ်လာ(၀.၄၈၁)သန်းဖြစ်ပြီးကုန်သွယ်မှုပမာဏမှာအမေရိကန်ဒေါ်လာ(၂.၈၃၆) သန်းဖြစ်ပါသည်။

                      ပို့ကုန်ပိုင်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ မတ်လ၁၇ ရက်နေ့မှ၁၈ရက်နေ့အထိ ရေထွက်ကုန်ပစ္စည်းအုပ်စုတွင် (၂၀၈၀.၁၇၉)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၁.၇၄၃)သန်း၊ လယ်ယာထွက်ကုန်ပစ္စည်းအုပ်စုတွင် (၂၆၁၂.၀၀၀)တန်၊တန်ဖိုးအမေရိကန်ဒေါ်လာ(၀.၆၀၄)သန်းနှင့် အခြားပစ္စည်းအုပ်စုတွင်(၇၇.၂၀၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၀၀၈)သန်းတင်ပို့နိုင်ခဲ့ပါသည်။ပို့ကုန် တိုးမြှင့်ရေးအဓိကဆောင်ရွက်လျက်ရှိရာပြောင်းသီးနှံအားတစ်ဘက်ထိုင်းနိုင်ငံမှ Quota  ကာလအနေဖြင့် နှစ်စဉ် ဖေဖော်ဝါရီလ(၁)ရက်မှ ဩဂုတ်လ (၃၁)ရက်နေ့အထိခွင့်ပြုထားသဖြင့် မိမိနိုင်ငံထွက်ပြောင်းများကိုပင်လယ်ရေကြောင်းရန်ကုန်ဆိပ်ကမ်းများမှတစ်ဆင့် ရနောင်းဆိပ်ကမ်းသို့ တိုက်ရိုက်တင်ပို့လျက်ရှိသကဲ့သို့ နယ်စပ်လမ်းကြောင်းကော့သောင်းမှတစ်ဆင့် တင်ပို့မှုများလည်းဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၄ ခုနှစ်၊ မတ်လ(၁၈) ရက်နေ့အထိနယ်စပ်ကုန်သွယ်မှုအနေဖြင့် ကော့သောင်းမှရနောင်းသို့ ပြောင်းတန်ချိန်(၅၈၄၄.၀၀) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၁.၃၄၇)သန်းအားတင်ပို့နိုင်ခဲ့ပါသည်။

             မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊မတ်လ(၁၇)ရက်နေ့မှ (၁၈)ရက်နေ့ငါးကြိတ်သား (၁)တန်လျှင် (၁၈၂၂.၅၂) ဒေါ်လာနှုန်းဖြင့် (၁၈) တန် ၊ တန်ဖိုး (၀.၀၃၃)ဒေါ်လာသန်းတို့ကိုအကောက်ခွန်သက်သာခွင့်ဆိုင်ရာပင်ရင်းနိုင်ငံသက်သေခံလက်မှတ် FormDအကျိုးခံစားခွင့်များလျှောက်ထားရယူ၍ မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ထိုင်းနိုင်ငံပရာကျွတ်ကရီခမ်ခရိုင်သို့ ကားလမ်းကြောင်းဖြင့်လည်းကောင်း၊ မုတ်ခွံ(၁) တန်လျှင် (၁၇၀၉.၉၇၅) ဒေါ်လာနှုန်းဖြင့်(၁၉) တန် ၊ တန်ဖိုး (၀.၀၃၂) ဒေါ်လာသန်းအား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် FormEအကျိုးခံစားခွင့်လျှောက်ထားရယူ၍ မလေးရှားနိုင်ငံသို့ ရေလမ်းကြောင်းဖြင့်တင်ပို့နိုင်ခဲ့ပြီးစုစုပေါင်းပို့ကုန် တန်ဖိုး (၀.၀၆၅) ဒေါ်လာသန်းတင်ပို့ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိကုန်(၁)တန်လျှင်ကားခ(ကုန်ကျစ်)၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်းခန့်) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန်လမ်းကြောင်းကောင်းမွန်လျက်ရှိကြောင်းသိရှိရပါသည်။

          မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊မတ်လ(၁၇)ရက်နေ့မှ (၁၈)ရက်နေ့အတွင်းဒီဇယ်ဆီ (၁)တန်လျှင် (၈၉၈.၃၇၂) ဒေါ်လာနှုန်းဖြင့်(၁၀၀၀) တန် ၊ တန်ဖိုး (၀.၈၉၈) ဒေါ်လာသန်းအား တင်သွင်းနိုင်ခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီ(၁)လီတာ (၂၈၉၀) ကျပ်နှင့် ဒီဇယ်ဆီ (၁)လီတာ (၃၁၀၀) ကျပ်ဖြင့်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၁၀၁.၂) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

             တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ထိုင်းနိုင်ငံ ၊ တရုတ်နိုင်ငံများနှင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (ဧပြီလ မှ မတ်လ ၁၈ ရက်ထိ) ပို့ကုန် ကန်ဒေါ်လာ (၅၆.၈၂၃) သန်း၊ သွင်းကုန် ကန်ဒေါ်လာ (၁၀၃.၆၃၅)  သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ(၁၆၀.၄၅၈) သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ (၁၈-၃-၂၀၂၄) ရက်တွင် ပို့ကုန်တင်ပို့မှုအနေဖြင့် ပြောင်း (၂,၄၇၄.၃၁၈) တန်၊ တန်ဖိုး (၀.၅၆၄) ဒေါ်လာသန်း၊ ထောပတ်သီး (၇.၀၀၀) တန်၊ တန်ဖိုး (၀.၀၀၄) ဒေါ်လာသန်း၊ ကြက်သွန်နီ (၁၁၉.၇၅၀) တန်၊ တန်ဖိုး (၀.၀၆၂) ဒေါ်လာသန်း၊ လိမ္မော်သီး (၁၃.၂၀၀) တန်၊ တန်ဖိုး (၀.၀၀၂) ဒေါ်လာသန်း၊ လက်ဖက်ခြောက် (၁၆.၈၀၀)တန်၊ (၀.၀၀၉)ဒေါ်လာသန်းနှင့် စက္ကူဖြတ်စ (၄၂.၀၀၀) တန်၊ တန်ဖိုး (၀.၀၀၅) ဒေါ်လာသန်း၊ စုစုပေါင်း (၀.၆၄၆) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ ထိုင်းနိုင်ငံသုံးဘတ်ငွေလဲနှုန်းအနေဖြင့် (၁၈-၃-၂၀၂၄) ရက်နေ့တွင် ကျပ်(၁)သိန်းလျှင် (၉၇၅) ဘတ် ဖြစ်ပေါ်ခဲ့ပါသည်။

            တာချီလိတ်ကုန်သွယ်ရေးစခန်းမှ စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အဓိက တင်သွင်းလျက်ရှိပြီး (၁၈-၃-၂၀၂၄) ရက်တွင် ဒီဇယ် (၀.၀၂၉)ဒေါ်လာသန်း၊ ဓာတ်ဆီ (၀.၀၉၀)​ဒေါ်လာသန်း၊ ဘိလပ်မြေ (၀.၀၅၀) ဒေါ်လာသန်း၊ မီးခံအုတ်​(၀.၀၂၇) ဒေါ်လာသန်း၊ သံဘောင် (၀.၀၁၁) ဒေါ်လာသန်း၊ သံပိုက် (၀.၀၁၀) ဒေါ်လာသန်း၊ ဘိလပ်မြေမျက်နှာကျက်ပြား (၀.၀၀၈) ဒေါ်လာသန်း၊ ကြွေပြား (၀.၀၀၈) ဒေါ်လာသန်းနှင့် အခြားပစ္စည်း (၀.၁၃၂) ဒေါ်လာသန်း အပါအဝင် (၀.၃၆၅) ဒေါ်လာသန်း တင်သွင်းခဲ့ပါ သည်။

        မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျှက်ရှိရာ (၁၇-၃-၂၀၂၄)ရက်နေ့ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် ကြက်သွန်နီ၊ ပီလောပီနံခြောက်၊ ချုပ်ပြီးအထည် CMP၊ ငရုတ်ခြောက်၊ ငရုတ်စို၊ နနွင်းတက်၊ ငါးမျိုးစုံတို့တင်ပို့ခဲ့ပါသည်။

       ၁၇-၃-၂၀၂၄ရက်နေ့အများဆုံးတင်ပို့ခဲ့သည့်ပို့ကုန်ပစ္စည်းများမှာကြက်သွန်နီ၊ ပီလောပီနံခြောက်၊ ချုပ်ပြီးအထည် CMP၊ ငရုတ်ခြောက်၊ ငရုတ်စို၊ နနွင်းတက်၊ ငါးမျိုးစုံတို့ဖြစ်ပါသည်။

      ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီနှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာတင်ပို့နိုင်ရေးအတွက် ကုန်ပစ္စည်းစစ်ဆေးမှုများတွင် ဦးစားပေးဆောင်ရွက်ပေးလျက်ရှိပါသည်။

      ၁၇-၃-၂၀၂၄ ရက်နေ့အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ကြက်သွန်နီ (၁) တန်လျှင် (၄၆၁.၁၅)ဒေါ်လာဖြင့် (၇၉၃.၆၆၈)တန်၊ (၀.၃၆၆)ဒေါ်လာသန်း၊ပီလောပီနံခြောက် (၁) တန်လျှင် (၁၄၅.၁၀)ဒေါ်လာဖြင့် (၁၁၄၄.၀၀၀)တန်၊ (၀.၁၆၆)ဒေါ်လာသန်း၊ချုပ်ပြီးအထည် (1) U လျှင် (၄.၄၂)ဒေါ်လာဖြင့် (၂၅၈၂၁)တန်၊ (၀.၁၁၄)ဒေါ်လာသန်း၊ ငရုတ်ခြောက် (၁)တန်လျှင် (၁၃၈၈.၅၁)ဒေါ်လာဖြင့် (၂၁.၄၉၈)တန်၊ (၀.၀၃၂)ဒေါ်လာသန်း၊ ငရုတ်စို(၁)တန်လျှင် (၃၂၉.၇၅)ဒေါ်လာဖြင့်၊ (၆၉.၇၅၀)တန်၊ (၀.၀၂၃)ဒေါ်လာသန်း၊ နနွင်းတက် (၃၅၂.၉၄)‌ဒေါ်လာဖြင့် (၁၇.၀၀၀)တန်၊ (၀.၀၀၆)ဒေါ်လာသန်းနှင့် ငါးမျိုးစုံ(၁)တန်လျှင်(၁၆၅၂.၈၉)ဒေါ်လာဖြင့် ၊ (၃.၀၂၅)တန်၊ (၀.၀၀၅)‌ဒေါ်လာသန်းတို့ဖြစ်ပါသည်။

      ၁၇-၃-၂၀၂၄ ရက်နေ့ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာပလပ်စတစ်ကုန်ကြမ်း ပစ္စည်းများ (၀.၂၅၀)ဒေါ်လာသန်း၊ ကားအပိုပစ္စည်းများ (၀.၁၈၆)ဒေါ်လာသန်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ(၀.၁၄၅)ဒေါ်လာသန်း၊ ဆပ်ပြာများ (၀.၀၇၇)‌ဒေါ်လာသန်း၊ စားသောက်ကုန်ပစ္စည်းများ(၀.၀၆၄)ဒေါ်လာသန်း၊ အခြားစက္ကူများ (၀.၀၅၁)‌ဒေါ်လာသန်း၊ ဆေးဝါးများ (၀.၀၃၂)ဒေါ်လာသန်း၊ စက်ဆီ/ ချောဆီများ (၀.၀၂၆)ဒေါ်လာသန်း၊ သံနှင့်သံမဏိပစ္စည်းများ (၀.၀၂၃)ဒေါ်လာသန်းနှင့်မီးသီး၊ မီးချောင်းများ (၀.၀၁၅)ဒေါ်လာသန်းတို့ဖြစ်ပါသည်။

     ပြင်ပငွေလဲနှုန်းအနေဖြင့်ယခင်အပတ်က တစ်ဘတ်လျှင် (၁၀၀)ကျပ် ရှိပြီး ယခုအပတ်တွင် (၁၀၁) ကျပ် ဖြစ်ပါသဖြင့်  ဘတ်စျေးနှုန်းမှာအနည်းငယ်တက်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

      မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့်၂၀၂၄ ခုနှစ်၊ မတ်လ ၁ ရက်နေ့ မှ ၁၇ ရက်နေ့အထိအမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၁၀.၈၆၁) ကန်ဒေါ်လာသန်း၊ သွင်းကုန် (၁၇.၀၄၇) ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၂၇.၉၀၈) ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

Pages