ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ခုနှစ်၊ မတ်လကုန်သွယ်မှုလျာထားချက်မှာပို့ကုန် (20.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၂.၅၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၂2.၅၀၀) ဒေါ်လာသန်းဖြစ်ပါသည်။

မတ်လ(၂) ရက်နေ့အထိအမှန်ကုန်သွယ်မှုမှာပို့ကုန်(2.740) ဒေါ်လာသန်း၊ သွင်းကုန်(0.261)ဒေါ်လာသန်း၊စုစုပေါင်း(3.002)ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၁3.341%) ဆောင်ရွက်နိုင်ခဲ့ပါသည်။

          မတ်လ(2)ရက်အတွင်းပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ဖရဲသီး၊ ရွှေဖရုံသီး၊ငရုတ်သီးနှင့် ကြက်သွန်နီိိတို့ တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များနှင့် သစ်သီးများတင်သွင်းနိုင်ခဲ့ပါသည်။

          ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄ခုနှစ်၊ဖေဖော်ဝါရီလ(၂7)ရက်မှ မတ်လ(၂) ရက်နေ့အထိပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျောတင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၅၃၀)ယွမ်/ (၃၄၇)ဒေါ်လာတို့ဖြင့် တန်ချိန် (15000)တန်၊ တန်ဖိုး(5.201) ဒေါ်လာသန်း၊ကြက်သွန်နီတင်ပို့မှုအနေဖြင့် တန်ချိန် (273) တန်၊ တန်ဖိုး(၀.081) ဒေါ်လာသန်း၊ငရုတ်သီးတင်ပို့မှုအနေဖြင့် တန်ချိန် (170)တန်၊ တန်ဖိုး(0.084)ဒေါ်လာသန်း၊ဖရဲသီးတန်ချိန် (200) တန်၊ တန်ဖိုး (၀.၀18) ဒေါ်လာသန်းနှင့်ရွှေဖရုံသီးတင်ပိုမှုအနေဖြင့် တန်ချိန် (539) တန်၊ တန်ဖိုး(၀.054)ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။

အများဆုံးသွင်းကုန်ပစ္စည်းများမှာသံကြိုးခွေ၊ Hollow Pipe ၊ Iron Pipe၊လိမ္မော်သီးနှင့် လူသုံးအဝတ်အထည်များဖြစ်ပြီးရင်းနှီးပစ္စည်းတန်ချိန် (119.10)တန်၊ တန်ဖိုး(၀.၀88)ဒေါ်လာသန်း၊လုပ်ငန်းသုံးပစ္စည်းတန်ချိန် (463.30) တန်၊ တန်ဖိုး (၀.378) ဒေါ်လာသန်း၊ လူသုံးပစ္စည်းတန်ချိန် (178.80) တန်၊ တန်ဖိုး (၀.၀76) ဒေါ်လာသန်းတို့ တင်သွင်းနိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့် တင်ဆောင်ခြင်းမဟုတ်ဘဲငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ်များသည် သက်ဆိုင်ရာကုမ္ပဏီပိုင် ယာဉ်များဖြင့်သာတင်ပို့တင်သွင်းခြင်းဖြစ်ပါသည်။

          ကံပိုင်တည်-ဝိုင်းမော်-မြစ်ကြီးနားကုန်သွယ်မှုလမ်းကြောင်း၌ တောင်ပြိုခြင်း၊ လမ်းပိတ်ဆို့ ခြင်းများမရှိဘဲကုန်တင်ယာဉ်များပုံမှန်သွားလာလျက်ရှိပါသည်။

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသောပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကဖြစ်သည်။

             ၂၀၂၄ ခုနှစ် ဖေဖော် ဝါရီလကုန်သွယ်မှုလျာထားချက်မှာအမေရိကန်ဒေါ်လာ (၂၀ .၅၀၀) သန်းဖြစ်ပြီး (၂၉-၂-၂၀၂၄) ရက်နေ့ထိအမှန်ဆောင်ရွက်နိုင်မှုမှာ (၃၀.၂၁၉)ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့သဖြင့် လျာထားချက်အပေါ် (၁၄၇ .၄၀၉ % ) ဆောင်ရွက်နိုင်ခဲ့ပါသည်။

             ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ၂၇ရက်နေ့မှ မတ်လ၂ရက်နေ့အထိ ပို့ကုန်တန်ချိန် (၄၆၇၁.၉၀၄)တန်၊တန်ဖိုးအမေရိကန်ဒေါ်လာ(၃.၇၆၁)သန်းနှင့်သွင်းကုန်တန်ချိန်(၁၅၆၄.၄၃၉)တန်၊(၁၁၀၀)U၊(၁၃၇၅၂၀)2U၊ (၂၁၀၅၃)M2၊ (၁၅၀၀) BBL၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၁. ၄၄၆)သန်းဖြစ်ပြီးကုန်သွယ်မှုပမာဏမှာအမေရိကန်ဒေါ်လာ(၅ .၂၀၇) သန်းဖြစ်ပါသည်။

                 ပို့ကုန်ပိုင်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ၂၇ရက်နေ့မှ မတ်လ ၂ရက်နေ့အထိ ရေထွက်ပစ္စည်းအုပ်စုတွင် ၄၃၉၁ .၉၀၄ တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ၃ .၇၃၇ သန်းနှင့် အခြားပစ္စည်းအုပ်စုတွင် ၂၈၀ .၀၀၀တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ၀ .၀၂၄သန်းတင်ပို့နိုင်ခဲ့ပါသည်။ယခုတစ်ပတ်တွင် အမယ်သစ် ရှပ်ခရုတန်ချိန် (၁၂) ၊ တန်ဖိုး( ၀.၀၃၀ ) ဒေါ်လာသန်းတင်ပို့ခဲ့ပါသည်။

         သွင်းကုန်ပိုင်းအနေဖြင့်   ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ၂၇ရက်နေ့မှ မတ်လ ၂ ရက်နေ့အထိရင်းနှီးမြှုပ်နှံမှုပစ္စည်းအုပ်စုတွင်  ၆၁၆ .၀၄၉တန်၊ ၂၁၀၅၃M2၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၀.၃၉၄သန်း၊ လုပ်ငန်းသုံးပစ္စည်းအုပ်စုတွင် ၇၁ .၀၀၀ တန်၊ ၁၅၀၀ BBL၊ ၁၁၀၀ U၊တန်ဖိုးအမေရိကန် ဒေါ်လာ ၀.၂၂၅ သန်းနှင့် လူသုံးကုန်ပစ္စည်းအုပ်စုတွင်၈၇၇ .၃၉၀တန်၊ ၁၃၇၅၂၀ 2U၊တန်ဖိုးအမေရိကန်ဒေါ်လာ ၀.၈၂၇သန်းတင်သွင်းခဲ့ပါသည်။

            လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့်(၂၇-၂-၂၀၂၄)မှ (၂-၃-၂၀၂၄) ရက်နေ့အတွင်းကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင်ဆန်(၁၁၅၃.၀၀၀)တန်၊တန်ဖိုး(၀.၆၉၇)ဒေါ်လာသန်း၊ဆန်ကွဲ(၃၆၁.၂၅၀) တန်၊ တန်ဖိုး (၀.၁၅၅) ဒေါ်လာသန်း၊ ကြက်သွန်နီ(၃၃.၀၀၀)တန်၊ တန်ဖိုး(၀.၀၁၂) ဒေါ်လာသန်း၊ သခွားမွှေး(၇၉၇.၅၀၀)တန်၊ တန်ဖိုး (၀.၁၆၆) ဒေါ်လာသန်း၊ ပဲယင်း(၃၃.၅၀၀) တန်၊ တန်ဖိုး (၀.၀၂၆) ဒေါ်လာသန်း၊ ထောပတ်ပဲ(၃၃.၀၀၀) တန်၊ တန်ဖိုး (၀.၀၃၇)ဒေါ်လာသန်း၊ကော်ဖီမစ် (၈.၃၀၀)တန်၊ တန်ဖိုး (၀.၀၀၅)ဒေါ်လာသန်း၊ နှမ်းဖြူ(၁၉.၁၅၀၀)တန်၊တန်ဖိုး (၀.၀၂၉) ဒေါ်လာသန်း၊ မြေပဲဆံ (၆၂.၅၀၀) တန်၊ တန်ဖိုး (၀.၀၇၈) ဒေါ်လာသန်း၊ မြေထောက်ပဲ(၉၀၈.၀၀၀) တန်၊ တန်ဖိုး (၁.၁၆၉) ဒေါ်လာသန်း၊ ဖရဲသီး (၃၇၃၀.၀၀၀)တန်၊ တန်ဖိုး (၀.၅၃၄) ဒေါ်လာသန်း၊ သီဟိုဠ်စေ့ (၃၂.၀၀၀) တန်၊ တန်ဖိုး (၀.၁၅၉) ဒေါ်လာသန်း၊ကြံ (၅၈၅.၀၀၀) တန်၊ တန်ဖိုး (၀.၀၂၃) ဒေါ်လာသန်း၊တစ်သျှူးငှက်ပျော (၃၉၀၄.၀၀၀)တန်၊ တန်ဖိုး (၁.၄၁၁) ဒေါ်လာသန်း၊ ငရုတ်ဆော့(၀.၅၀၀)တန်၊ တန်ဖိုး (၀.၀၀၁)ဒေါ်လာသန်း၊ ပဲကြီး (၃၃.၀၀၀)တန်၊ တန်ဖိုး (၀.၀၃၃)ဒေါ်လာသန်း၊ ငရုတ်သီး ခြောက်(၁၆.၀၀၀)တန်၊ တန်ဖိုး(၀.၀၂၄)ဒေါ်လာသန်း၊ ဆီးစေ့ဆံ(၁၆.၅၀၀)တန်၊ တန်ဖိုး(၀.၀၀၃) ဒေါ်လာသန်း၊ တင်ပို့နိုင်ခဲ့ပါသည်။

          ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ဆန် တစ်တန်လျှင် (၅၆၀) ဒေါ်လာ၊ ဆန်ကွဲ တစ်တန်လျှင်(၄၅၀)ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၂၅၅) ဒေါ်လာ၊ဖရဲသီး တစ်တန်လျှင် (၁၄၅)ဒေါ်လာ၊တစ်သျှူးငှက်ပျောတစ်တန်လျှင် (၃၆၆) ဒေါ်လာ၊ ကြံတစ်တန်လျှင် (၄၀) ဒေါ်လာ၊ မြေထောက်ပဲတစ်တန်လျှင် (၁၂၅၀)ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှလွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၃၅၀)ကျပ်ရှိကြောင်းသိရှိရပါသည်။

          ယခုအပတ်အတွင်းသွင်းကုန်ပိုင်းတွင်သံ(၄၆.၀၀၀)တန်၊ တန်ဖိုး(၀.၀၃၀)ဒေါ်လာသန်း၊ဂျပ်ဖာ(၄၉.၉၀)တန်၊ တန်ဖိုး(၀.၀၁၉)ဒေါ်လာသန်း၊အိတ်အမျိုးမျိုး(၈.၀၀၀)တန်၊ တန်ဖိုး(၀.၀၀၅)ဒေါ်လာသန်း၊ကုန်စုံ(၇၃၆.၈၃၀)တန်၊(၂၀၁၅၁၂)U၊(၃၄၁၀၀)PAIR၊တန်ဖိုး (၀.၈၉၂)ဒေါ်လာသန်း၊စက္ကူ (၃၀.၀၀၀)တန်၊ တန်ဖိုး(၀.၀၁၁)ဒေါ်လာသန်း၊ဖော့(၅.၀၀၀)တန်၊ တန်ဖိုး(၀.၀၀၃)ဒေါ်လာသန်း၊ ထွန်စက်(၂)U၊ တန်ဖိုး(၀.၀၁၈)ဒေါ်လာသန်း၊ စက္ကူလိပ် (၁၅.၀၀၀)တန်၊ တန်ဖိုး(၀.၀၀၅)ဒေါ်လာသန်း၊ဆေးပစ္စည်း (၁၀၈၆၅၈၀)U၊ တန်ဖိုး (၀.၁၃၈)ဒေါ်လာသန်း၊ ကြက်အူချောင်း(၁၁.၇၆၀)တန်၊ တန်ဖိုး(၀.၀၀၂)ဒေါ်လာသန်း၊ မြက်ခင်းတု (၈.၀၀၀)တန်၊ တန်ဖိုး (၀.၀၀၅) ဒေါ်လာသန်း၊ အခင်း(၉.၀၀၀) တန်၊ (၂၇၀၀၀) pair ၊ တန်ဖိုး (၀.၀၁၀)ဒေါ်လာသန်း၊တင်သွင်းနိုင်ခဲ့ပါသည်။

          သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်စက္ကူလိပ် တစ်တန်လျှင် (၃၅၀) ဒေါ်လာ၊ ပီနံအိတ် တစ်တန်လျှင် (၁၀၀၀) ဒေါ်လာ၊ မြက်ခင်းတုတစ်တန်လျှင် (၆၂၅)ဒေါ်လာ၊ ဂျပ်ဖာ တစ်တန်လျှင် (၄၂၀) ဒေါ်လာ၊ ပလပ်စတစ်တစ်တန်လျှင် (၉၇၀)ဒေါ်လာရှိ၍ လွယ်ဂျယ်မှဗန်းမော်သို့သယ်ယူပို့ဆောင်ခမှာ (၁၂)ဘီးယာဉ်(၁)စီးလျှင် ကုန်ကျစ်(၁၄၀၀၀၀၀)ကျပ်၊ကုန်ပွ(၁၁၀၀၀၀၀)ကျပ်နှင့်ကုန်စုံတစ်စီးလျှင် (၁၀၀၀၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရပါသည်။

          ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်း များအား မန္တလေး - လက်ပံလှ - ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်း၊ ဗန်းမော်ဒေသထွက်ပို့ကုန်ပစ္စည်းများအားဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်းအတိုင်း တင်ပို့လျက်ရှိပြီး သွင်းကုန် ပစ္စည်းများအား လွယ်ဂျယ်- စိန်လုံ-မိုးမောက်(ကျောက်စခန်း)-ဗန်းမော်လမ်းကြောင်းအတိုင်းကုန်သွယ်မှုပြုလုပ်လျက်ရှိပါသည်။

            မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့မှ မတ်လ(၂) ရက်နေ့ထိ အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၇၁၁၀) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၁၃၁၇) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၈၄၂၇) သန်း ကုန်သွယ်မှု ဆောင်ရွက် နိုင်ခဲ့ ပါသည်။

           မောတောင်ကုန်သွယ်ရေးစခန်းမှ ဖေဖော်ဝါရီလ (၂၈) ရက်နေ့ မှ မတ်လ(၂) ရက်နေ့ အထိ လယ်ယာ ထွက်ကုန်ပစ္စည်းအနေဖြင့် ကြက်သွန်နီ (၂၁၂.၀၀) တန်၊ (၀.၀၈၈၄) ဒေါ်လာသန်း၊ ငရုတ်သီး (၃၄၆.၅၂၂) တန်၊ တန်ဖိုး (၀.၂၅၈၈) ဒေါ်လာသန်း၊ ငှက်ပျောသီး (၃၀.၀၀) တန်၊ တန်ဖိုး (၀.၀၀၉၁) သန်း၊ ရေထွက်ကုန်ပစ္စည်း အနေဖြင့် ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ကင်းမွန်နှင့် အခြား ရေထွက် ပစ္စည်းများ (၂၄၅.၅၅၀) တန်၊ တန်ဖိုး (၀.၃၄၅၉) ဒေါ်လာသန်း၊  သစ်တောထွက်ပစ္စည်းအနေဖြင့် ဓနိဖက် (၁၈) တန်၊ တန်ဖိုး (၀.၀၀၂၄) ဒေါ်လာသန်း၊ စက်မှုကုန်ချောပစ္စည်းအနေဖြင့် တံမြက်စည်း (၃၁.၈) တန်၊ တန်ဖိုး (၀.၀၀၆၄) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ သွင်းကုန်တင်သွင်းမှုအနေဖြင့် သစ်သီးမျိုးစုံ (၄.၅) တန်၊ တန်ဖိုး (၀.၀၀၁၄) ဒေါ်လာသန်း၊ ကြွေပြား (၆.၉၆၁) တန် ၊ တန်ဖိုး (၀.၀၁၉၀) ဒေါ်လာသန်း၊ ငါးသေတ္တာဘူးခွံ (၅) တန်၊ တန်ဖိုး (၀.၀၀၁၆) ဒေါ်လာသန်း၊ ကျောက်ပြား ((၃၉.၅) တန်၊ တန်ဖိုး (၀.၀၀၇၇) ဒေါ်လာသန်း၊ ဖိနပ် (၈.၄) တန်၊ တန်ဖိုး (၀.၀၀၁၀) ဒေါ်လာသန်း၊  A4 Paper (၈) တန်၊ တန်ဖိုး (၀.၀၁၀၁) ဒေါ်လာသန်း၊ ကော်ဇော (၂) တန်၊ တန်ဖိုး (၀.၀၀၁၁) ဒေါ်လာသန်း၊ အမွှေးဆီ (၇၅.၈၁၆) တန်၊ တန်ဖိုး (၀.၀၈၉၈) ဒေါ်လာသန်း တင်သွင်း ခဲ့ပါသည်။

          မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့်   ပို့ကုန်ပစ္စည်းများ၏ (၁) တန်ဈေးနှုန်း များမှာ ငါးမျိုးစုံ (၈၆၄.၈၂၅) ဒေါ်လာနှုန်း၊ ပုစွန် (၇၂၂၀.၄၄၀) ဒေါ်လာနှုန်း၊ ကဏန်း (၂၅၅၀.၅၂၀) ဒေါ်လာနှုန်း၊ ကင်းမွန် (၂၂၃၀.၉၆၀) ဒေါ်လာနှုန်း၊ ကြက်သွန်နီ (၄၁၆.၉၁၈) ဒေါ်လာနှုန်း၊ ငရုတ်သီး (၇၄၆.၈၅၀) ဒေါ်လာနှုန်း၊ ငှက်ပျောသီး (၃၀၃.၃၃၃) ဒေါ်လာနှုန်း၊ ဓနိဖက် (၁၃၃.၃၃) ဒေါ်လာနှုန်း၊ တံမြက်စည်း (၂၀၁.၂၅၈) ဒေါ်လာနှုန်းဖြစ်ပါသည်။

          မောတောင်ကုန်သွယ်ရေးစခန်းအဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁) တန်ဈေး နှုန်းမှာ - သစ်သီး (၃၁၁.၁၁၁) ဒေါ်လာနှုန်း၊ ကြွေပြား (၂၇၂၉.၄၉၃) ဒေါ်လာနှုန်း၊ ငါးသေတ္တာဘူးခွံ (၃၂၀) ဒေါ်လာနှုန်း၊ ကျောက်ပြား (၁၉၄.၉၃၇) ဒေါ်လာနှုန်း၊ ဖိနပ် (၁၁၉.၀၄၈) ဒေါ်လာနှုန်း၊  A4 စက္ကူ (၁၂၆၂.၅) ဒေါ်လာနှုန်း၊ ကော်ဇော (၅၅၀) ဒေါ်လာနှုန်း၊ အမွှေးဆီ (၁၁၈၄.၄၄၆) ဒေါ်လာနှုန်း ဖြစ်ပါသည်။

          မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။

          မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျှက်ရှိရာ (၂-၃-၂၀၂၄)ရက်နေ့ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် ကြက်သွန်နီ၊ငရုတ်(အခြောက်)၊ သတ္တုနှင့်သတ္တုရိုင်းများ၊ ချုပ်ပြီးအဝတ်အထည်(CMP)၊ပီလောပီနံ(အခြောက်)၊ မြေပဲ(အခွံပါ)၊ ငရုတ်(အစို)နှင့် ငါးမျိုးစုံတို့တင်ပို့ခဲ့ပါသည်။

          ၂-၃-၂၀၂၄ ရက်နေ့အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာကြက်သွန်နီ၊ ငရုတ်(အခြောက်)၊ သတ္တုနှင့်သတ္တုရိုင်းများ၊ ချုပ်ပြီးအဝတ်အထည်(CMP)၊ပီလောပီနံ(အခြောက်)၊ မြေပဲ(အခွံပါ)၊ ငရုတ်(အစို)နှင့် ငါးမျိုးစုံ တို့ဖြစ်ပါသည်။

          ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီနှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာတင်ပို့နိုင်ရေးအတွက် ကုန်ပစ္စည်းစစ်ဆေးမှုများတွင် ဦးစားပေးဆောင်ရွက်ပေးလျက်ရှိပါသည်။

          ၂-၃-၂၀၂၄ ရက်နေ့အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ကြက်သွန်နီ(၁) တန်လျှင် (၄၀၈.၈၄)ဒေါ်လာဖြင့် (၅၁၁.၂၀၀)တန်၊ (၀.၂၀၉)ဒေါ်လာသန်း ၊ ငရုတ်(အခြောက်) (၁)တန်လျှင် (၁၄၈၆.၀၈)ဒေါ်လာဖြင့် (၁၂၃.၈၁၆)တန်၊ (၀.၈၁၄)ဒေါ်လာသန်း၊  သတ္တုနှင့်သတ္တုရိုင်းများ (၁)တန်လျှင်(၂၀၀၀)ဒေါ်လာဖြင့် (၆၄)တန်၊ (၀.၀၂၈)ဒေါ်လာသန်းနှင့် ချုပ်ပြီးအဝတ်အထည်(CMP) (၁)တန်လျှင်(၄၇၈၂၆.၀၉)ဒေါ်လာဖြင့်(၀.၉၂)တန်၊ (၀.၀၄၄)ဒေါ်လာသန်း၊ ပီလောပီနံ(အခြောက်) (၁)တန်လျှင် (၁၄၂.၈၆)ဒေါ်လာဖြင့် (၂၈၀)တန်၊ (၀.၀၄၀)ဒေါ်လာသန်း၊ မြေပဲဆံ(အခွံပါ) (၁)တန်လျှင် (၅၅၅.၈၆)ဒေါ်လာဖြင့် (၂၈.၇၈၄)တန်၊ (၀.၀၂၇)ဒေါ်လာသန်း၊ ငရုတ်(အစို) (၁)တန်လျှင် (၃၃၁.၇၈)ဒေါ်လာဖြင့် (၄၈.၂၂၅)တန်၊ (၀.၀၁၆)ဒေါ်လာသန်းနှင့် ငါးမျိုးစုံ (၁)တန်လျှင် (၃၃၃၃.၃၃)ဒေါ်လာဖြင့် (၂.၇)တန်၊ (၀.၀၀၉)‌ဒေါ်လာသန်း တို့ဖြစ်ပါသည်။

          ၂-၃-၂၀၂၄ ရက်နေ့ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ပလပ်စတစ်ကုန်ကြမ်းများ (၀.၂၀၅)ဒေါ်လာသန်း၊ ထုတ်ပိုးပစ္စည်းများ (၀.၀၇၇)‌ဒေါ်လာသန်း၊ သွားတိုက်ဆေးများ (၀.၀၅၇)ဒေါ်လာသန်း၊ ကားအပိုပစ္စည်းများ (၀.၀၅၃)ဒေါ်လာသန်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း(၀.၀၃၉)ဒေါ်လာသန်း၊ စားသောက်ကုန်ပစ္စည်းများ (၀.၀၃၃)ဒေါ်လာသန်း၊ လျှပ်စစ်ဓါတ်ဖြန့်ဖြူးရေးနှင့်တပ်ဆင်ရေးပစ္စည်းများ (၀.၀၂၅)ဒေါ်လာသန်း၊ လျှပ်စစ်ပစ္စည်းများ (၀.၀၁၀)ဒေါ်လာသန်း၊ အခြားစက္ကူများ (၀.၀၁၀) ဒေါ်လာသန်းနှင့် သုတ်ဆေးပေါလစ်များ (၀.၀၀၉)ဒေါ်လာသန်းတို့ဖြစ်ပါသည်။

          မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့်၂၀၂၄ ခုနှစ်၊ မတ်လ ၁ ရက်နေ့ မှ ၂ ရက်နေ့အထိအမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၀.၈၇၄) ကန်ဒေါ်လာသန်း၊ သွင်းကုန် (၂.၂၃၂)ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၃.၁၀၆) ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

Pages