ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသောပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကတင်ပို့နေသောပစ္စည်းများမှာငါးမျိုးစုံ၊ ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ငါးပါကင်၊ ဆီအုန်းတို့ဖြစ်သည်။

၂၀၂၄ ခုနှစ်၊မတ်လကုန်သွယ်မှုလျာထားချက်မှာအမေရိကန်ဒေါ်လာ (၂၄ .၅၀၀) သန်းဖြစ်ပြီး (၉-၃-၂၀၂၄)ရက်နေ့ထိအမှန်ဆောင်ရွက်နိုင်မှုမှာ (၁၁.၆၃၄)ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့သဖြင့် လျာထားချက်အပေါ် (၄၇ .၄၈၆ % ) ဆောင်ရွက်နိုင်ခဲ့ပါသည်။

          ၂၀၂၄ ခုနှစ်၊ မတ်လ၅ရက်နေ့မှ ၉ရက်နေ့အထိ ပို့ကုန်တန်ချိန် (၆၅၇၀ .၅၇၅)တန်၊တန်ဖိုးအမေရိကန်ဒေါ်လာ(၅ .၆၃၂)သန်းနှင့်သွင်းကုန်တန်ချိန်(၁၆၉၁ .၁၇၂)တန်၊(၅၉၁၈)U၊(၁၀၄၆၄၀)2U၊(၄၄၀) BBL၊ (၁၂၈၃၀.၄၀)M2 ၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၁ .၂၂၅)သန်းဖြစ်ပြီးကုန်သွယ်မှုပမာဏမှာအမေရိကန်ဒေါ်လာ(၆ .၈၅၇) သန်းဖြစ်ပါသည်။

        သွင်းကုန်ပိုင်းအနေဖြင့်     ၂၀၂၄ ခုနှစ်၊ မတ်၅ရက်နေ့မှ ၉ရက်နေ့အထိ ရင်းနှီးမြှုပ်နှံမှုပစ္စည်းအုပ်စုတွင် (၆၃၀ .၉၃၆)တန်၊ (၅၅၀၈)U၊ (၁၂၈၃၀.၄၀)M2၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၀.၅၅၃)သန်း၊ လုပ်ငန်းသုံးပစ္စည်းအုပ်စုတွင် (၁၁၀.၁၀၀)တန်၊ (၄၄၀) BBL၊ (၄၁၀)U၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၀.၀၉၇)သန်းနှင့် လူသုံးကုန်ပစ္စည်းအုပ်စုတွင်(၉၅၀.၁၃၆)တန်၊ (၁၀၄၆၄၀)2U၊တန်ဖိုးအမေရိကန်ဒေါ်လာ(၀.၅၇၅)သန်းတင်သွင်းခဲ့ပါသည်။

              မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ မတ်လ(၅)ရက်နေ့မှ (၉)ရက်နေ့အတွင်း ပို့ကုန် ငါးမှုန့် (၁) တန်လျှင် (၁၈၁၃) ဒေါ်လာနှုန်းဖြင့် (၂၇) တန် ၊ တန်ဖိုး (၀.၀၄၉) ဒေါ်လာသန်း၊ ငါးကြိတ်သား (၁) တန်လျှင် (၈၉၈) ဒေါ်လာနှုန်း ဖြင့် (၁၂၆၀) တန် ၊ တန်ဖိုး (၁.၁၃၁) ဒေါ်လာသန်းတို့ကို အကောက်ခွန် သက်သာ ခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေ ခံလက်မှတ် Form D အကျိုးခံစားခွင့်များ လျှောက်ထားရယူ ၍ မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ထိုင်းနိုင်ငံပရာကျွတ်ကရီခမ်ခရိုင်သို့ ကားလမ်းကြောင်း ဖြင့် လည်းကောင်း၊ သတ္ထု (၁) တန်လျှင် (၁၅၄၅၀) ဒေါ်လာနှုန်းဖြင့် (၃၅.၈၉) တန် ၊ တန်ဖိုး (၀.၅၅၅) ဒေါ်လာသန်းအား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုး ခံစားခွင့်လျှောက် ထားရယူ၍ ထိုင်းနိုင်ငံရနောင်းသို့ ရေလမ်းကြောင်းဖြင့်တင်ပို့နိုင်ခဲ့ပြီး စုစုပေါင်းပို့ကုန် တန်ဖိုး (၁.၇၃၅) ဒေါ်လာသန်း တင်ပို့ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင် ကုန်သွယ်ရေး စခန်းအထိကုန် (၁)တန်လျှင်ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်းခန့်) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန် လမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။

              မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ မတ်လ(၅)ရက်နေ့မှ (၉)ရက်နေ့အတွင်း ဒီဇယ်ဆီ (၁)တန်လျှင် (၈၃၇) ဒေါ်လာနှုန်းဖြင့်(၁၃၀၀) တန် ၊ တန်ဖိုး (၁.၀၈၈) ဒေါ်လာသန်း၊ ဓာတ်ဆီ (၁)တန် လျှင်(၈၉၂) ဒေါ်လာနှုန်းဖြင့်(၁၅၀) တန် ၊ တန်ဖိုး(၀.၁၃၄) ဒေါ်လာသန်း၊ ရင်းနှီးမြှုပ်နှံမှုပစ္စည်း (၁၂၀.၆၈) တန်၊ (၅၅၀)U၊ တန်ဖိုး(၀.၇၇၃) ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်း (၁၁၁၀.၁၈၇)တန်၊ (၁၂၃၁၈)U တန်ဖိုး (၀.၅၄၂) ဒေါ်လာသန်း၊ လူသုံးပစ္စည်း (၁၇၃)U တန်ဖိုး (၀.၀၁၅) ဒေါ်လာသန်း စုစုပေါင်းသွင်းကုန်တန်ဖိုး (၂.၅၅၂)ဒေါ်လာသန်းအား တင်သွင်းနိုင်ခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီ(၁) လီတာ (၂၈၉၀) ကျပ်နှင့် ဒီဇယ်ဆီ (၁) လီတာ (၃၁၆၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချ လျက်ရှိကြောင်း၊  ကျပ်/ဘတ် ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၁၀၀.၂) ကျပ်ဖြင့်  အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

              တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် (၂-၃-၂၀၂၄ မှ ၈-၃-၂၀၂၄) ရက်နေ့ထိပို့ကုန် တင်ပို့မှုအနေဖြင့်ပြောင်း (၁၄,၇၄၆.၆၄၃)တန်၊ တန်ဖိုး(၃.၃၉၉)ဒေါ်လာသန်း၊ကြက်သွန်နီ(၁၈၀.၇၅၀)တန်၊တန်ဖိုး(၀.၀၈၀)ဒေါ်လာသန်း၊ လိမ္မော်သီး(၁၈၄.၈၀၀)တန်၊ တန်ဖိုး(၀.၀၂၆) ဒေါ်လာသန်း၊ထောပတ်သီး(၃၀၂.၀၀၀)တန်၊ တန်ဖိုး(၀.၁၆၄)ဒေါ်လာသန်း၊ငရုတ်သီးခြောက်(၁၃.၀၀၀)တန်၊ တန်ဖိုး(၀.၀၁၉)ဒေါ်လာသန်း၊Manganese Dioxide (၃၀၀.၀၀၀)တန်၊ တန်ဖိုး (၀.၀၂၇) ဒေါ်လာသန်း၊ တံမြက်စည်း(၁၃၀.၉၀၀)တန်၊ တန်ဖိုး(၀.၀၃၉)ဒေါ်လာသန်း၊စက္ကူဖြတ်စ (၂၀၂.၀၀၀) တန်၊ တန်ဖိုး (၀.၀၂၃) ဒေါ်လာသန်းနှင့် ပလတ်စတစ်ဖြတ်စ (၁၀.၀၀၀) တန်၊ တန်ဖိုး (၀.၀၀၅) အပါအဝင် ပို့ကုန်တန်ဖိုး (၃.၇၈၂)ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။ တစ်ပတ်အတွင်းပျမ်းမျှငွေလဲနှုန်းအနေဖြင့် ကျပ်(၁) သိန်းလျှင် (၉၈၈.၅၈၀)ဘတ်ဖြစ်ပေါ်ခဲ့ပါသည်။

              တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများအဓိကတင်သွင်းလျက်ရှိရာယခုအပတ်(၂-၃-၂၀၂၄ မှ ၈-၃-၂၀၂၄) တွင် ဓာတ်ဆီ(၁,၄၉၅) BBL ၊တန်ဖိုး(၀.၁၅၆) ဒေါ်လာသန်း၊ ဒီဇယ် (၅၂၄) BBL ၊ တန်ဖိုး(၀.၀၅၈) ဒေါ်လာသန်း၊ ဘိလပ်မြေ(၀.၂၀၉) ဒေါ်လာသန်း၊လယ်ထွန်စက်များ (၀.၀၀၆) ဒေါ်လာသန်း၊ စက်နှင့်စက်ပစ္စည်း(၀.၀၀၁)ဒေါ်လာသန်း၊ဆောက်လုပ်ရေးပစ္စည်းများ (၀.၃၀၅) ဒေါ်လာသန်း၊သုတ်ဆေး၊ ပေါလစ်များ (၀.၀၁၉) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (၀.၀၄၄) ဒေါ်လာသန်း ၊ အခြားစက္ကူများ (၀.၀၁၄) ဒေါ်လာသန်း၊ဆပ်ပြာ (၀.၀၂၇)ဒေါ်လာသန်း၊ မီးဖိုချောင်သုံးပစ္စည်းများ (၀.၀၃၃) ဒေါ်လာသန်းနှင့် အခြားပစ္စည်း (၀.၁၆၂)အပါအဝင် သွင်းကုန်တန်ဖိုး (၁.၀၃၄)ဒေါ်လာသန်းတင်သွင်းခဲ့ပါသည်။

              မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျှက် ရှိရာ (၈-၃-၂၀၂၄)ရက်နေ့ ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် ကြက်သွန်နီ၊ ငရုတ်(အခြောက်)၊ ငရုတ်(အစို)၊ပီလောပီနံ(အခြောက်)နှင့် ဖိနပ်(CMP)တို့တင်ပို့ခဲ့ပါသည်။

              ၈-၃-၂၀၂၄ ရက်နေ့ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ကြက်သွန်နီ၊ ငရုတ် (အခြောက်)၊ ငရုတ်(အစို)၊ ပီလောပီနံ (အခြောက်)နှင့် ဖိနပ်(CMP)တို့ဖြစ်ပါသည်။

              ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီ နှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်ရေးအတွက် ကုန်ပစ္စည်းစစ်ဆေးမှုများတွင် ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိပါသည်။

              ၈-၃-၂၀၂၄ ရက်နေ့အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ကြက်သွန်နီ(၁) တန်လျှင် (၃၉၉.၉၅) ဒေါ်လာဖြင့်(၆၇၀.၀၈၁)တန်၊ (၀.၂၆၈)ဒေါ်လာသန်း ၊ ငရုတ်(အခြောက်) (၁)တန်လျှင် (၁၅၂၂.၀၀၇) ဒေါ်လာဖြင့် (၁၆၈.၈၅၆)တန်၊ (၀.၂၅၇)ဒေါ်လာသန်း၊ ငရုတ်(အစို) (၁)တန်လျှင် (၃၁၆.၀၆၇)ဒေါ်လာဖြင့် (၅၆.၉၅၀)တန်၊ (၀.၀၁၈)ဒေါ်လာသန်း၊ ပီလောပီနံ(အခြောက်) (၁)တန်လျှင် (၁၄၄.၆၈၉)ဒေါ်လာဖြင့် (၅၄၆.၀၀၀)တန်၊ (၀.၀၇၉)ဒေါ်လာသန်းနှင့် ဖိနပ်(CMP) 2Uလျှင်(၁.၈၃၁)ဒေါ်လာဖြင့် (၉၂၈၅.၀၀၀)2U၊ (၀.၀၁၇)‌ဒေါ်လာသန်း တို့ဖြစ်ပါသည်။

              ၈-၃-၂၀၂၄ ရက်နေ့ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာဆေးဝါးများ (၀.၁၉၁) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းများ (၀.၁၂၈)ဒေါ်လာသန်း၊ ချည်ထည်များ (၀.၀၉၄)ဒေါ်လာသန်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ (၀.၀၉၁)ဒေါ်လာသန်း၊ စားသောက်ကုန်များ (၀.၀၇၆) ဒေါ်လာသန်း၊ ဆပ်ပြာ(၀.၀၆၀)ဒေါ်လာသန်း၊ စက်မှုကုန်ကြမ်းများ (၀.၀၄၆)‌ဒေါ်လာသန်း၊ လျှပ်စစ်ဓါတ်ဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေးပစ္စည်းများ (၀.၀၄၁)ဒေါ်လာသန်း၊ သွပ်ပြား (၀.၀၂၂)ဒေါ်လာသန်းနှင့် ဝါယာကြိုး (၀.၀၂၂) ဒေါ်လာသန်း တို့ဖြစ်ပါသည်။

              ပြင်ပငွေလဲနှုန်းအနေဖြင့်ယခင်အပတ်က တစ်ဘတ်လျှင် (၁၀၀)ကျပ်ရှိပြီး ယခုအပတ်တွင် (၁၀၀) ကျပ် ဖြစ်ပါသဖြင့်  ဘတ်စျေးနှုန်းမှာတည်ငြိမ်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

              မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့်၂၀၂၄ ခုနှစ်၊ မတ်လ ၁ ရက်နေ့ မှ ၈ ရက်နေ့အထိ အမှန် ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၄.၄၅၆) ကန်ဒေါ်လာသန်း၊ သွင်းကုန် (၇.၂၅၄) ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှု ပမာဏ (၁၁.၇၁၀) ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

              ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ မတ်လကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၂၀.၀၀၀) ဒေါ်လာသန်း နှင့် သွင်းကုန် (၂.၅၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၂၂.၅၀၀) ဒေါ်လာသန်း ဖြစ်ပါသည်။

              မတ်လ(၉) ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန်(၁၁.၀၀၇) ဒေါ်လာသန်း၊ သွင်းကုန် (၃.၄၂၈) ဒေါ်လာသန်း၊ စုစုပေါင်း (၁၄.၄၃၅) ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၅၉.၆၁၂%) ဆောင်ရွက်နိုင်ခဲ့ပါသည်။

              မတ်လ(၉)ရက်အတွင်း ပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ဖရဲသီး၊ ရွှေဖရုံသီး၊ ငရုတ်သီး၊ မြေပဲဆံ၊ မကျည်းသီး(အစေ့ပါ)၊ သန့်စင်ပြီးသံမှုန့်နှင့် ကြက်သွန်နီိိတို့တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန် အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များနှင့် သစ်သီးများတင်သွင်းနိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄ ခုနှစ်၊ မတ်လ(၅)ရက်မှမတ်လ(၉) ရက်နေ့ထိကုန်ပစ္စည်း အမယ်လိုက် တင်ပို့/တင်သွင်းမှုအခြေအနေ

              ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄ ခုနှစ်၊မတ်လ(၅)ရက်မှ မတ်လ(၉) ရက်နေ့အထိ ပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျော ဈေးနှုန်းတစ်တန်လျှင် (၂၅၃၀) ယွမ်/ (၃၄၇)ဒေါ်လာတို့ဖြင့် တန်ချိန် (၁၄၂၂၅) တန်၊ တန်ဖိုး (၅.၁၀၁) ဒေါ်လာသန်း၊ ကြက်သွန်နီ တန်ချိန် (၆၈၃) တန်၊ တန်ဖိုး (၀.၂၀၇) ဒေါ်လာသန်း၊ ငရုတ်သီး တန်ချိန် (၃၄၀) တန်၊ တန်ဖိုး (၀.၁၆၉) ဒေါ်လာသန်း၊ ဖရဲသီး တန်ချိန် (၁၀၀)တန်၊ တန်ဖိုး (၀.၁၀၁) ဒေါ်လာသန်း၊ မြေပဲဆံ တန်ချိန် (၃၄) တန်၊ တန်ဖိုး (၀.၀၅၁) ဒေါ်လာသန်း၊သခွားမွှေး တန်ချိန် (၂၅) တန်၊ တန်ဖိုး (၀.၀၀၅) ဒေါ်လာသန်း၊ မကျည်းသီး (အစေ့ပါ) တန်ချိန် (၃၄) တန်၊ တန်ဖိုး (၀.၀၀၈) ဒေါ်လာသန်း နှင့်ရွှေဖရုံသီး တန်ချိန် (၆၁၂) တန်၊ တန်ဖိုး(၀.၀၆၀) ဒေါ်လာသန်း တင်ပို့ နိုင်ခဲ့ပါသည်။

              အများဆုံးသွင်းကုန်ပစ္စည်းများမှာ သံကြိုးခွေ၊ Hollow Pipe ၊ Iron Pipe၊ လိမ္မော်သီး နှင့် လူသုံးအဝတ်အထည်များဖြစ်ပြီး ရင်းနှီးပစ္စည်း တန်ချိန် (၂၅၃.၂၉) တန်၊ တန်ဖိုး (၀.၁၈၈)ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်း တန်ချိန် (၁၀၂.၅၀) တန်၊ တန်ဖိုး (၀.၁၄၁) ဒေါ်လာသန်း၊ လူသုံးပစ္စည်း တန်ချိန် (၁၉၆.၃၀) တန်၊ တန်ဖိုး (၀.၁၄၀) ဒေါ်လာသန်းတို့ တင်သွင်းနိုင်ခဲ့ပါသည်။

              ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့် တင်ဆောင် ခြင်းမဟုတ်ဘဲ ငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ်များသည် သက်ဆိုင်ရာကုမ္ပဏီပိုင် ယာဉ်များဖြင့်သာ တင်ပို့တင်သွင်းခြင်းဖြစ်ပါသည်။

              ကံပိုင်တည်-ဝိုင်းမော်-မြစ်ကြီးနား ကုန်သွယ်မှုလမ်းကြောင်း၌ တောင်ပြိုခြင်း၊ လမ်းပိတ်ဆို့ ခြင်းများမရှိဘဲ ကုန်တင်ယာဉ်များ ပုံမှန်သွားလာလျက်ရှိပါသည်။

Pages