မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊မတ်လ(၁၂)ရက်နေ့မှ (၁၆)ရက်နေ့အတွင်း ပို့ကုန်ငါးမှုန့်(၁) တန်လျှင် (၈၅၆.၄) ဒေါ်လာနှုန်းဖြင့်(၂၃၅၄) တန် ၊ တန်ဖိုး (၂.၀၁၆)ဒေါ်လာသန်းအား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် FormDအကျိုးခံစားခွင့်လျှောက်ထားရယူ၍ ထိုင်းနိုင်ငံရနောင်းသို့ရေလမ်းကြောင်းဖြင့်လည်းကောင်း၊ငါးကြိတ်သား (၁)တန်လျှင် (၁၈၁၁) ဒေါ်လာနှုန်းဖြင့် (၂၇) တန် ၊ တန်ဖိုး (၀.၀၄၉)ဒေါ်လာသန်းတို့ကိုအကောက်ခွန်သက်သာခွင့်ဆိုင်ရာပင်ရင်းနိုင်ငံသက်သေခံလက်မှတ် FormDအကျိုးခံစားခွင့်များလျှောက်ထားရယူ၍ မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ထိုင်းနိုင်ငံပရာကျွတ်ကရီခမ်ခရိုင်သို့ ကားလမ်းကြောင်းဖြင့်လည်းကောင်း၊ ရော်ဘာ(၁) တန်လျှင် (၁၃၅၆.၆) ဒေါ်လာနှုန်းဖြင့်(၁၅၁၂) တန် ၊ တန်ဖိုး (၂.၀၅၁) ဒေါ်လာသန်းအား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် FormEအကျိုးခံစားခွင့်လျှောက်ထားရယူ၍မလေးရှားနိုင်ငံသို့ ရေလမ်းကြောင်းဖြင့်တင်ပို့နိုင်ခဲ့ပြီးစုစုပေါင်းပို့ကုန် တန်ဖိုး (၄.၁၁၆) ဒေါ်လာသန်းတင်ပို့ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိကုန်(၁)တန်လျှင်ကားခ(ကုန်ကျစ်)၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်းခန့်) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန်လမ်းကြောင်းကောင်းမွန်လျက်ရှိကြောင်းသိရှိရပါသည်။

              မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊မတ်လ(၁၂)ရက်နေ့မှ (၁၆)ရက်နေ့အတွင်းဒီဇယ်ဆီ (၁)တန်လျှင် (၈၆၂) ဒေါ်လာနှုန်းဖြင့်(၁၆၀၀) တန် ၊ တန်ဖိုး (၁.၃၇၉) ဒေါ်လာသန်း၊ ဓာတ်ဆီ (၁)တန်လျှင် (၉၅၅) ဒေါ်လာနှုန်းဖြင့်(၇၀၀) တန် ၊ တန်ဖိုး (၀.၆၆၉) ဒေါ်လာသန်း၊ ရင်းနှီးမြှုပ်နှံမှုပစ္စည်း (၄၈၉.၇၅၆)တန်၊ ၄၂၄၅၃M2၊ (၂၅၆၆)U၊ တန်ဖိုး (၀.၄၅၇)ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်း (၂၄.၅၄)တန်၊ (၈၀၀)U ၊ တန်ဖိုး (၀.၀၅၂) ဒေါ်လာသန်းစုစုပေါင်းသွင်းကုန်တန်ဖိုး (၂.၅၅၇) ဒေါ်လာသန်းအား တင်သွင်းနိုင်ခဲ့ပါသည်။မြိတ်ဒေသတွင် ဓာတ်ဆီ(၁)လီတာ (၂၈၉၀) ကျပ်နှင့် ဒီဇယ်ဆီ (၁)လီတာ (၃၁၀၀)ကျပ်ဖြင့်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁)ဘတ်လျှင် (၁၀၁.၂)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

              တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် (၉-၃-၂၀၂၄ မှ ၁၅-၃-၂၀၂၄) ရက်နေ့ထိပို့ကုန် တင်ပို့မှုအနေဖြင့် ပြောင်း (၁၂,၅၅၂.၈၉၉) တန်၊ တန်ဖိုး (၂.၈၆၉) ဒေါ်လာသန်း၊ကြက်သွန်နီ(၂၄၃.၆၀၀) တန်၊ တန်ဖိုး (၀.၁၂၅) ဒေါ်လာသန်း၊ လိမ္မော်သီး (၇၉.၂၀၀) တန်၊ တန်ဖိုး (၀.၀၁၁) ဒေါ်လာသန်း၊ထောပတ်သီး(၁၂၁.၀၀၀) တန်၊ တန်ဖိုး (၀.၀၆၆)ဒေါ်လာသန်း၊တံမြက်စည်း (၉၅.၇၀၀)တန်၊ တန်ဖိုး (၀.၀၂၉) ဒေါ်လာသန်း၊စက္ကူဖြတ်စ (၁၇၂.၀၀၀) တန်၊ တန်ဖိုး (၀.၀၁၉) ဒေါ်လာသန်းနှင့် ပလတ်စတစ်ဖြတ်စ (၃၀.၀၀၀) တန်၊ တန်ဖိုး (၀.၀၁၄) အပါအဝင် ပို့ကုန်တန်ဖိုး (၃.၁၃၃) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။ တစ်ပတ်အတွင်းပျမ်းမျှငွေလဲနှုန်းအနေဖြင့် ကျပ်(၁) သိန်းလျှင် (၉၇၆.၄၂၈) ဘတ်ဖြစ်ပေါ်ခဲ့ပါသည်။

           တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများအဓိကတင်သွင်းလျက်ရှိရာယခုအပတ်(၉-၃-၂၀၂၄ မှ ၁၅-၃-၂၀၂၄) တွင် ဓာတ်ဆီ(၅၉၈) BBL ၊ တန်ဖိုး(၀.၀၅၉) ဒေါ်လာသန်း၊ ဒီဇယ် (၁,၅၇၂) BBL ၊ တန်ဖိုး(၀.၁၇၄) ဒေါ်လာသန်း၊ ဘိလပ်မြေ(၀.၃၃၅) ဒေါ်လာသန်း၊ဆောက်လုပ်ရေးပစ္စည်းများ (၀.၆၁၈) ဒေါ်လာသန်း၊MIXED LPG GAS (၀.၀၀၉) ဒေါ်လာသန်း၊သုတ်ဆေး၊ ပေါလစ်များ (၀.၀၁၃) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (၀.၁၀၀) ဒေါ်လာသန်း ၊ အခြားစက္ကူများ (၀.၀၀၃) ဒေါ်လာသန်း၊တာယာနှင့် ကျွတ်များ (၀.၀၁၅) ဒေါ်လာသန်း၊ဆပ်ပြာ (၀.၀၀၃)ဒေါ်လာသန်း၊ မီးဖိုချောင်သုံးပစ္စည်းများ (၀.၀၅၉) ဒေါ်လာသန်းနှင့် အခြားပစ္စည်း (၀.၂၄၈)ဒေါ်လာသန်းအပါအဝင် သွင်းကုန် တန်ဖိုး (၂.၀၁၅)ဒေါ်လာသန်းတင်သွင်းခဲ့ပါသည်။

               မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျှက်ရှိရာ (၁၅-၃-၂၀၂၄)ရက်နေ့ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် ကြက်သွန်နီ၊ ပီလောပီနံခြောက်၊ ငရုတ်ခြောက်၊ ပြောင်း၊ ငရုတ်စို၊ ကံ့ကော်ပွင့်ခြောက်တို့တင်ပို့ခဲ့ပါသည်။

              ၁၅-၃-၂၀၂၄ရက်နေ့အများဆုံးတင်ပို့ခဲ့သည့်ပို့ကုန်ပစ္စည်းများမှာကြက်သွန်နီ၊ ပီလောပီနံခြောက်၊ ငရုတ်ခြောက်၊ ပြောင်း၊ ငရုတ်စို၊ ကံ့ကော်ပွင့်ခြောက်တို့ဖြစ်ပါသည်။

              ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီနှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာတင်ပို့နိုင်ရေးအတွက် ကုန်ပစ္စည်းစစ်ဆေးမှုများတွင် ဦးစားပေးဆောင်ရွက်ပေးလျက်ရှိပါသည်။

              ၁၅-၃-၂၀၂၄ ရက်နေ့အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ကြက်သွန်နီ (၁) တန်လျှင် (၅၀၉.၂၇)ဒေါ်လာဖြင့် (၆၅၇.၈၀၅)တန်၊ (၀.၃၃၅)ဒေါ်လာသန်း၊ပီလောပီနံခြောက် (၁) တန်လျှင် (၁၄၄.၁၃)ဒေါ်လာဖြင့်(၇၈၄.၀၀၀)တန်၊ (၀.၁၁၃)ဒေါ်လာသန်း၊ငရုတ်ခြောက် (၁)တန်လျှင် (၁၄၉၉.၆၃)ဒေါ်လာဖြင့် (၄၀.၀၁၀)တန်၊ (၀.၀၆၀)ဒေါ်လာသန်း၊ ပြောင်း (၁)တန်လျှင် (၂၂၆.၅၆) ဒေါ်လာဖြင့် (၁၂၈.၀၀၀)တန်၊ (၀.၀၂၉)ဒေါ်လာသန်း၊ ငရုတ်စို(၁)တန်လျှင် (၃၁၄.၀၁)ဒေါ်လာဖြင့် (၄၁.၄၀၀)တန်၊ (၀.၀၁၃)ဒေါ်လာသန်းနှင့် ကံ့ကော်ပွင့်ခြောက် (၁)တန်လျှင်(၁၁၇.၆၅)ဒေါ်လာဖြင့် (၃၄.၀၀၀)တန်၊ (၀.၀၀၄)‌ဒေါ်လာသန်းတို့ဖြစ်ပါသည်။

              ၁၅-၃-၂၀၂၄ ရက်နေ့ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာဆေးဝါးများ (၀.၃၉၁) ဒေါ်လာသန်း၊ ကားအပိုပစ္စည်းများ (၀.၁၅၉)ဒေါ်လာသန်း၊ သံနှင့်သံမဏိပစ္စည်းများ (၀.၁၂၈)ဒေါ်လာသန်း၊ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ(၀.၁၂၅)ဒေါ်လာသန်း၊ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ(၀.၀၇၉)ဒေါ်လာသန်း၊ အခြားစက္ကူများ (၀.၀၃၇) ‌ဒေါ်လာသန်း၊ စက်ဆီ/ချောဆီများ (၀.၀၃၆)ဒေါ်လာသန်း၊ ချည်ထည်များ(၀.၀၃၄)ဒေါ်လာသန်း၊စားသောက်ကုန်ပစ္စည်းများ(၀.၀၃၂)ဒေါ်လာသန်းနှင့်လျှပ်စစ်ပစ္စည်းများ(၀.၀၂၅)ဒေါ်လာသန်းတို့ဖြစ်ပါသည်။

              ပြင်ပငွေလဲနှုန်းအနေဖြင့်ယခင်အပတ်က တစ်ဘတ်လျှင် (၁၀၀)ကျပ် ရှိပြီး ယခုအပတ်တွင် (၁၀၂) ကျပ် ဖြစ်ပါသဖြင့်  ဘတ်စျေးနှုန်းမှာအနည်းငယ်တက်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

              မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့်၂၀၂၄ ခုနှစ်၊ မတ်လ ၁ ရက်နေ့ မှ ၁၅ ရက်နေ့အထိအမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၈.၉၁၉) ကန်ဒေါ်လာသန်း၊ သွင်းကုန် (၁၅.၃၁၇) ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၂၄.၂၃၇) ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

               လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့်(၁၂-၃-၂၀၂၄)မှ (၁၆-၃-၂၀၂၄) ရက်နေ့အတွင်းကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင်ဆန်(၂၀၄.၅၀၀)တန်၊တန်ဖိုး(၀.၂၃၈)ဒေါ်လာသန်း၊ဆန်ကွဲ (၃၀၀.၀၀၀)တန်၊ တန်ဖိုး(၀.၄၀၂)ဒေါ်လာသန်း၊ ကြက်သွန်နီ (၃၆၉.၅၀၀)တန်၊ တန်ဖိုး(၀.၂၄၈) ဒေါ်လာသန်း၊သခွားမွှေး(၂၀၈.၀၀၀)တန်၊ တန်ဖိုး (၀.၁၈၈) ဒေါ်လာသန်း၊ ဆီးဆံ (၁၇.၀၀၀) တန်၊ တန်ဖိုး (၀.၀၀၃)ဒေါ်လာသန်း၊ ထောပတ်ပဲ(၁၅၈.၀၀၀) တန်၊ တန်ဖိုး (၀.၄၆၆)ဒေါ်လာသန်း၊ မရွေး (၁၄.၃၀၀) တန်၊ တန်ဖိုး (၀.၀၁၃)ဒေါ်လာသန်း၊ ပဲတီစိမ်းအနီ (၃၂.၅၀၀) တန်၊ တန်ဖိုး (၀.၀၀၃)ဒေါ်လာသန်း၊ မြေထောက်ပဲ (၆၅၇.၅၀၀) တန်၊ တန်ဖိုး (၁.၁၈၁)ဒေါ်လာသန်း၊ ဖရဲသီး (၇၂၈.၀၀၀) တန်၊တန်ဖိုး (၀.၁၇၈) ဒေါ်လာသန်း၊ သီဟိုဠ်စေ့ (၁၆.၀၀၀) တန်၊ တန်ဖိုး (၀.၀၇၉) ဒေါ်လာသန်း၊ ကြံ (၁၀၅.၀၀၀) တန်၊ တန်ဖိုး (၀.၀၀၈) ဒေါ်လာသန်း၊တစ်သျှူးငှက်ပျော (၆၉၇၆.၀၀၀)တန်၊ တန်ဖိုး (၅.၀၂၇) ဒေါ်လာသန်း၊ ပဲယင်း (၄၈၃.၀၀၀)တန်၊ တန်ဖိုး (၀.၆၈၃) ဒေါ်လာသန်း၊ ကော်ဖီစေ့(၆၈.၀၀၀)တန်၊ တန်ဖိုး (၀.၁၂၂) ဒေါ်လာသန်း၊ကော်ဖီမစ် (၉.၀၀၀) တန်၊ တန်ဖိုး (၀.၀၀၈)ဒေါ်လာသန်း၊ ကော်ဖီမစ်+ ငရုတ်ဆော့(၆.၀၀၀) တန်၊ တန်ဖိုး (၀.၀၀၃)ဒေါ်လာသန်း၊ ငရုတ်သီးခြောက်(၂၉၀.၀၇၀) တန်၊ တန်ဖိုး (၀.၄၃၁) ဒေါ်လာသန်း၊ ဖရုံသီး (၃၇၂.၅၀၀) တန်၊ တန်ဖိုး (၀.၁၀၀) ဒေါ်လာသန်း၊  ချဉ်ပေါင်ဖာလာ (၈၉.၀၂၅) တန်၊ တန်ဖိုး (၀.၅၈၇) ဒေါ်လာသန်း၊ ပဲကြီး(၁၂၆.၅၀၀)တန်၊ တန်ဖိုး(၀.၁၂၇)ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။

              ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ဆန် တစ်တန်လျှင် (၅၆၀) ဒေါ်လာ၊ ဆန်ကွဲ တစ်တန်လျှင်(၄၅၀)ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၂၅၅) ဒေါ်လာ၊ဖရဲသီး တစ်တန်လျှင် (၁၄၅)ဒေါ်လာ၊တစ်သျှူးငှက်ပျောတစ်တန်လျှင် (၃၆၆) ဒေါ်လာ၊ ကြံတစ်တန်လျှင် (၄၀) ဒေါ်လာ၊ မြေထောက်ပဲတစ်တန်လျှင် (၁၂၅၀)ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှလွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၃၅၀)ကျပ်ရှိကြောင်းသိရှိရပါသည်။

              ယခုအပတ်အတွင်းသွင်းကုန်ပိုင်းတွင်သံ(၆၀.၀၀၀)တန်၊ တန်ဖိုး(၀.၀၄၄)ဒေါ်လာသန်း၊ဂျပ်ဖာ(၁၃၂.၉၀၀)တန်၊ တန်ဖိုး(၀.၀၅၃)ဒေါ်လာသန်း၊အိတ်အမျိုးမျိုး(၇၁.၀၀၀)တန်၊ တန်ဖိုး(၀.၀၆၂)ဒေါ်လာသန်း၊ဓါတ်ဗူး(၈.၈၅၀)တန်၊(၁၁၇၆)U၊တန်ဖိုး(၀.၀၀၇)ဒေါ်လာသန်း၊ ကုန်စုံ (၆၈၆.၀၇၀)တန်၊(၉၆၆၈၆)U၊(၃၁၁၅၀) PAIR၊တန်ဖိုး (၀.၇၃၅)ဒေါ်လာသန်း၊ ပတ္တာကြိုး (၁၅)တန်၊ တန်ဖိုး (၀.၀၁၈)ဒေါ်လာသန်း၊ စက္ကူ (၄၇.၅၀၀)တန်၊ တန်ဖိုး (၀.၀၃၉)ဒေါ်လာသန်း၊ ဖော့ (၁၂.၀၀၀)တန်၊ တန်ဖိုး (၀.၀၁၂)ဒေါ်လာသန်း၊ ချည် (၁၁.၅၀၀)တန်၊ တန်ဖိုး (၀.၀၀၈) ဒေါ်လာသန်း၊ ထွန်စက် (၂)U၊ တန်ဖိုး (၀.၀၁၈)ဒေါ်လာသန်း၊စက္ကူလိပ် (၆.၅၀၀)တန်၊ တန်ဖိုး (၀.၀၀၂) ဒေါ်လာသန်း၊ ဖန်ခွက် (၂၈.၈၀၀)တန်၊ တန်ဖိုး (၀.၀၂၁) ဒေါ်လာသန်း၊ ရော်ဘာလိုင်နာ (၉.၅၀၀)တန်၊ တန်ဖိုး (၀.၀၁၁) ဒေါ်လာသန်း၊ဆေးပစ္စည်း (၃၃၆၅၁၆)U၊ တန်ဖိုး (၀.၀၄၂)ဒေါ်လာသန်း၊ ကျောက်မှုန့်(၇၀.၀၀၀)တန်၊တန်ဖိုး(၀.၀၁၁)ဒေါ်လာသန်း၊ ကော်(၂၀.၀၀၀)တန်၊တန်ဖိုး (၀.၀၁၇) ဒေါ်လာသန်း၊ မြက်ခင်းတု(၁၆.၀၀၀)တန်၊ တန်ဖိုး (၀.၀၁၀) ဒေါ်လာသန်း၊ ပလပ်စတစ်လိပ် (၅၄.၅၀၀)တန်၊ တန်ဖိုး (၀.၀၅၄) ဒေါ်လာသန်း၊ အင်ဂျင်(ဒီဇယ်)(၇၆)U၊ တန်ဖိုး (၀.၀၀၈) ဒေါ်လာသန်း၊ အခင်း (၂၆.၆၀၀)တန်၊(၇၅)U ၊ (၃၉၇၀၀)PAIR ၊ တန်ဖိုး (၀.၀၄၁) ဒေါ်လာသန်း၊တင်သွင်းနိုင်ခဲ့ပါသည်။

              သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်စက္ကူလိပ် တစ်တန်လျှင် (၃၅၀) ဒေါ်လာ၊ ပီနံအိတ် တစ်တန်လျှင် (၁၀၀၀) ဒေါ်လာ၊ မြက်ခင်းတုတစ်တန်လျှင် (၆၂၅)ဒေါ်လာ၊ ဂျပ်ဖာ တစ်တန်လျှင် (၄၂၀) ဒေါ်လာ၊ ပလပ်စတစ်တစ်တန်လျှင် (၉၇၀)ဒေါ်လာရှိ၍ လွယ်ဂျယ်မှဗန်းမော်သို့သယ်ယူပို့ဆောင်ခမှာ (၁၂)ဘီးယာဉ်(၁)စီးလျှင် ကုန်ကျစ်(၁၅၀၀၀၀၀)ကျပ်၊ကုန်ပွ(၁၂၀၀၀၀၀)ကျပ်နှင့်ကုန်စုံတစ်စီးလျှင် (၁၁၀၀၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရပါသည်။

              ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်း များအား မန္တလေး - လက်ပံလှ - ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်း၊ ဗန်းမော်ဒေသထွက်ပို့ကုန်ပစ္စည်းများအားဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ်လမ်းကြောင်းအတိုင်း တင်ပို့လျက်ရှိပြီး သွင်းကုန် ပစ္စည်းများအား လွယ်ဂျယ်- စိန်လုံ-မိုးမောက်(ကျောက်စခန်း)-ဗန်းမော်လမ်းကြောင်းအတိုင်းကုန်သွယ်မှုပြုလုပ်လျက်ရှိပါသည်။

          ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ခုနှစ်၊ မတ်လကုန်သွယ်မှုလျာထားချက်မှာပို့ကုန် (20.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၂.၅၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၂2.၅၀၀) ဒေါ်လာသန်းဖြစ်ပါသည်။

မတ်လ(၁၆) ရက်နေ့အထိအမှန်ကုန်သွယ်မှုမှာပို့ကုန်(19.968) ဒေါ်လာသန်း၊ သွင်းကုန်(၁.825)ဒေါ်လာသန်း၊စုစုပေါင်း(21.976)ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၉၇.၆၇၂%) ဆောင်ရွက်နိုင်ခဲ့ပါသည်။

          မတ်လ(၁6)ရက်အတွင်းပို့ကုန်အမည်များအနေဖြင့် တစ်သျှူးငှက်ပျော၊ပဲယင်း၊မြေထောက်ပဲ၊ နိုင်လွန်ပဲ၊ မြေပဲဆံ၊ဖရဲသီး၊ ရွှေဖရုံသီး၊ငရုတ်သီး၊ မကျည်းသီး(အစေ့ပါ)၊သခွားမွှေး၊ ကြက်သွန်နီနှင့် သန့်စင်ပြီးသံမှုန့်ိိတို့ တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်အမည်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များနှင့် သစ်သီးများတင်သွင်းနိုင်ခဲ့ပါသည်။

          ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄ခုနှစ်၊မတ်လ(၁၂)ရက်မှ မတ်လ(၁၆) ရက်နေ့အထိပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျောတင်ပို့မှုဈေးနှုန်းတစ်တန်လျှင် (၂၅၃၀) ယွမ်/ (၃၄၇)ဒေါ်လာတို့ဖြင့် တန်ချိန် (၁၆၄၇၅) တန်၊ တန်ဖိုး(၅.၇၀၃) ဒေါ်လာသန်း၊ပဲမျိုးစုံတင်ပို့မှုပဲယင်းတန်ချိန် (၁၀၂) တန်၊ တန်ဖိုး(၀.၀၆၅) ဒေါ်လာသန်း၊မြေထောက်ပဲတန်ချိန် (၆၈) တန်၊ တန်ဖိုး(၀.၀၉၄) ဒေါ်လာသန်း၊နိုင်လွန်ပဲတန်ချိန် (၃၄) တန်၊ တန်ဖိုး(၀.၀၁၉) ဒေါ်လာသန်း၊မြေပဲဆံတန်ချိန် (၈၃) တန်၊ တန်ဖိုး(၀.၁၂၂) ဒေါ်လာသန်း၊သစ်သီးဝလံတင်ပို့မှုရွှေဖရုံသီးတန်ချိန် (1634) တန်၊ တန်ဖိုး(0.164)ဒေါ်လာသန်း၊ ဖရဲသီးတန်ချိန် (၄၅) တန်၊ တန်ဖိုး(၀.၀၀၅) ဒေါ်လာသန်း၊ ငရုတ်သီးတန်ချိန် (၂၇၂) တန်၊ တန်ဖိုး(၀.၁၂၀)ဒေါ်လာသန်းကြက်သွန်နီတန်ချိန် (၁၀၂.၃) တန်၊ တန်ဖိုး (၀.၃၃၃) ဒေါ်လာသန်းနှင့်သန့်စင်ပြီးသံမှုန့် တန်ချိန် (၈၈) တန်၊ တန်ဖိုး (၀.၀၁၀) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။

အများဆုံးသွင်းကုန်ပစ္စည်းများမှာသံကြိုးခွေ၊ Hollow Pipe ၊ Iron Pipe၊လိမ္မော်သီးနှင့် လူသုံးအဝတ်အထည်များဖြစ်ပြီးရင်းနှီးမြှုပ်နှံမှုပစ္စည်းတန်ချိန် (၃၅၀.၂၀) တန်၊ တန်ဖိုး(၀.၂၅၃)ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်းတန်ချိန် (၄၂.၀၀) တန်၊ တန်ဖိုး (၀.၀၆၇) ဒေါ်လာသန်း၊ လူသုံးကုန်ပစ္စည်းတန်ချိန် (၁၇၅.၈၀) တန်၊ တန်ဖိုး (၀.၁၁၇) ဒေါ်လာသန်းတို့ တင်သွင်းနိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့် တင်ဆောင်ခြင်းမဟုတ်ဘဲငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ်များသည် သက်ဆိုင်ရာကုမ္ပဏီပိုင် ယာဉ်များဖြင့်သာတင်ပို့တင်သွင်းခြင်းဖြစ်ပါသည်။

            ကံပိုင်တည်-ဝိုင်းမော်-မြစ်ကြီးနားကုန်သွယ်မှုလမ်းကြောင်း၌ တောင်ပြိုခြင်း၊ လမ်းပိတ်ဆို့ ခြင်းများမရှိဘဲကုန်တင်ယာဉ်များပုံမှန်သွားလာလျက်ရှိပါသည်။

Pages