ရှမ်းချင်းကို ပြည်တွင်းဝယ်လက်သာရှိ

Wed, 01/14/2015 - 14:25 -- admin_ygn

  ပြည်တွင်းသုံးသမားတွေသာအဝယ်ရှိနေတဲ့ ရှမ်းချင်းကဈေးကွက်မှာတော့ ပုံမှန်အဝင်ရှိနေပါတယ်။ ဈေးနေ့တွေမှာဆိုရင်တော့ ပိုပြီးအဝင်များတယ်လို့လည်းသိရပါ တယ်။  ဈေးခြားရက်တွေမှာဆိုရင် တစ်ရက်ကို ပိဿ     ာချိန် သုံးထောင်၊လေးထောင်အဝင်ရှိပေမယ့် ဈေးနေ့ဆိုရင် ပိဿ     ာချိန် ငါးထောင်၊ခြောက်ထောင်ခန့်အဝင်ရှိတတ်ပါတယ်။  ဟိုပုံးချင်းတွေလည်း ဖော်ရင်ရပြီဖြစ်ပေမယ့် ဝယ်လက်တွေကလည်း ပြည်တွင်းမှသာရှိနေလို့ ဈေးသိပ်မကောင်းသေးတာကြောင့်မဖော်ကြသေးပါဘူး။ မြေကြီးထဲမှာလည်း ထားလို့ရနေတော့  ဈေးကောင်းမှသာဖော်ကြမယ်လို့ဆိုပါတယ်။
  အောင်ပန်းဈေးကွက်မှာလည်း  ဈေးပတ်သမားတွေက တစ်ပတ်တစ်ခါတော့အမှာရှိနေပါတယ်။ အရင်နှစ်တွေကလို  ပိဿ   ာချိန် သိန်းချီပြီး မရောင်းရပေမယ့် ဒီနှစ်ထွက်  သီးနှံတွေမှာတော့ ချင်းကရောင်းအားကောင်းတဲ့သီးနှံဖြစ်ပါတယ်။ တစ်ပတ်အတွင်း ချင်းပိဿ     ာချိန် ကိုးသောင်းရှစ်ထောင်ခန့်ကို ပြည်တွင်းဈေးပတ်သမားတွေနဲ့ လက်လီရောင်း သမားတွေကဝယ်ယူတယ်လို့လည်းသိရပါတယ်။ ဒီတစ်ပတ်အောင်ပန်းဈေးကွက်မှာ ချင်းတစ်ပိဿ   ာချိန် ပေါက်ဈေးတွေကတော့တစ်ပိဿ    ာကို ၆၀၀ကျပ်မှ ၇၀၀ ကျပ်ဈေးရှိပါ တယ်။ ချင်းခြောက်ကလည်း တစ်ပိဿ     ာ ၈၀၀ ကျပ်-၂၀၀၀ ကျပ်ဈေးနဲ့ ပိဿ     ာချိန် တစ်သိန်းကျော် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ 

ဧဧခိုင်-တောင်ကြီး

Local Trade News

Pages