မကွေးမြို့နယ်၌ မိုးမြေပဲများလှိုင်လှိုင်ထွက်ပေါ်၍ အရောင်းအဝယ်ဖြစ်ကာ အကျိုးအမြတ်ရရှိ

Thu, 09/26/2024 - 05:03 -- mocadmin

   မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်အတွင်းရှိ ကိုးပင်ကွေ့၊ လယ်ယား၊ ထန်းပင်စမ်း စသည့် ကျေးရွာများတွင် နှမ်း၊ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံသီးနှံများကို အဓိက စိုက်ပျိုးလျက်ရှိပြီး ကိုးပင်ကွေ့ ကျေးရွာတွင် မိုးမြေပဲ ၁၅ ဧကခန့် စိုက်ပျိုးထားကြောင်း သိရသည်။

   မိုးမြေပဲကို ဇွန်လလယ်တွင် စတင်စိုက်ပျိုးကြပြီး စက်တင်ဘာလဆန်းတွင် လှိုင်လှိုင်ထွက်ပေါ် လျက်ရှိကြောင်း၊ မျိုးအနေဖြင့် စွန်တာနီ (မြေပဲဆန်အနီ) မျိုးများကို စိုက်ပျိုးကြ‌ပြီး စိုက်ပျိုး ထုတ်လုပ်မှုအတွက် တစ်ဧကလျှင် ငွေကျပ် ၈၅၀,၀၀၀ ခန့်ကုန်ကျကြောင်း၊ တစ်ဧကလျှင် ၅၆ တင်းခန့်ထွက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် စက်တင်ဘာလ၊ တတိယပတ်တွင် မြေပဲတောင့်တစ်တင်း လျှင် ငွေကျပ် ၂၅,၀၀၀-၂၈,၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပြီး တစ်ဧကလျှင် ငွေကျပ် ၇ သိန်း ကျော်ခန့် အမြတ်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် မိုးမြေပဲများကို မကွေးမြို့ပေါ်ရှိ ပွဲရုံများမှတစ်ဆင့် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့သို့လည်းကောင်း တင်ပို့ရောင်းချပြီး ဒေသတွင်းရှိ ဆီစက်လုပ်ငန်းရှင် များနှင့် မြေပဲကို တန်ဖိုးမြှင့်ထုတ်ကုန် (Value Added) ပြုလုပ်ပြီး ပြန်လည်ရောင်းချသည့် လုပ်ငန်း ရှင်များမှလည်း ဝယ်ယူကြကြောင်း၊ ယခုနှစ်တွင် အထွက်နှုန်းကောင်းပြီး ဈေး‌ကောင်းရရှိသောကြောင့် တောင်သူများ အကျိုးအမြတ်များ ရရှိကြောင်း သိရှိရသည်။

DOCA (မကွေး)

Local Trade News

Pages