ဒေါက်တာမောင်အောင်၏ ''ဖွံ့ဖြိုးမှုအတွက် Global Supply Chain သို့ဝင်ရောက်ရေး'' စာအုပ်မကြာမီထွက်ရှိမည်

Mon, 12/22/2014 - 15:15 -- admin_ygn

   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အကြံပေးဖြစ်သူ ဒေါက်တာမောင်အောင်၏ ''ဖွံ့ဖြိုးမှုအတွက် Global Supply Chain သို့ဝင်ရောက်ရေး''ဟု အမည်ပေး ထားသည့် စီးပွားရေးဆိုင်ရာ စာအုပ် မကြာမီထွက်ရှိမည်ဖြစ်သည်။
   အဆိုပါစာအုပ်တွင် စာရေးသူ ဒေါက်တာမောင်အောင်က Globalization  ခေတ်ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် တိုးတက်ဖွံ့ဖြိုးမှုလမ်းစဉ်မှာ ကမ္ဘာ့ထုတ်လုပ်မှုလမ်းကြောင်း Global Supply Chain သို့ ထဲထဲဝင်ဝင်ဝင်ရောက်နိုင်ရေးပင်ဖြစ်ကြောင်း၊ ထို့ပြင်ဖွံ့ဖြိုးဆဲနိုင်ငံရှိလုပ်ငန်းများသည် Global Supply Chain နှင့်ပေါင်းစပ်ပြီး ပို့ကုန်ဦးစားပေးစက်မှု လုပ်ငန်းများထူထောင်ခြင်းသည် ယနေ့ခေတ်၏ စက်မှုထူထောင်ရေးလမ်းစဉ်သစ်လည်းဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် Global Supply Chain သို့ ပိုမို ဝင်ရောက်နိုင်ရေး၊ နိုင်ငံတော်၊ ပုဂ္ဂလိကအသင်းအဖွဲ့များ၊ လူမှုအဖွဲ့အစည်းများ၊ မီဒီယာများ၊ လုပ်ငန်းရှင်များနှင့်လူငယ်များအပါအဝင် နိုင်ငံသားတိုင်း တက်တက်ကြွကြွ ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်းရေးသားဖော်ပြထားသည်။
   အဆိုပါစာအုပ်သည် လူငယ်များ၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူ လုပ်ငန်းရှင်များ၊ စီးပွားရေးပညာကို လေ့လာနေသူ ကျောင်းသူ၊ ကျောင်းသားများ လေ့လာဖတ်ရှု သင့်သော စာအုပ်ကောင်းတစ်အုပ်ဖြစ်ကြောင်းသိရသည်။
   အဆိုပါစာအုပ်ကို မိုးကျော်သူ စာပေဖြန့်ချိရေးမှ မြန်မာတစ်နိုင်ငံလုံး သို့ဖြန့်ချိမည်ဖြစ်ပြီး အမြို့မြို့အနယ်နယ်ရှိ စာအုပ်ဆိုင်တိုင်းတွင်တစ်အုပ်လျှင် ၂၀၀၀ ကျပ်ဖြင့် ဝယ်ယူ ရရှိနိုင်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။