လက်ရှိအသုံးပြုနေသည့် ဆိပ်ကမ်း ၁၂ ခုအပြင် အဓိကကျသည့် ဆိပ်ကမ်းရှစ်ခုအား အိန္ဒိယနိုင်ငံ ထပ်မံတိုးချဲ့ မည်

Wed, 05/18/2016 - 08:47 -- admin_ygn

ဆိပ်ကမ်းများဖွံ့ဖြိုးတိုးတက်ရေးအတွက်  အတည်ပြုပြီးဖြစ်သည့် စီမံကိန်းများ၏  အစိတ်အပိုင်းတစ်ရပ်အနေဖြင့်  အိန္ဒိယအစိုးရသည် လက်ရှိ လုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေသည့် အဓိကဆိပ်ကမ်း ၁၂ ခု အပြင်ဆိပ်ကမ်း သစ်ရှစ်ခုအား  ထပ်တိုးအကောင်အထည်ဖော်  သွားမည်ဖြစ် ကြောင်း ပင်လယ်ရေကြောင်းပို့ဆောင်ရေးနှင့် ဆိပ်ကမ်းဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးNitin Gadkari  က ဧပြီလ ၁၃ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။ ယခုထပ်မံအကောင်အထည်ဖော်မည့်ဆိပ်ကမ်း ရှစ်ခုအနက် သုံးခုမှာ နေရာသတ်မှတ်ကြေညာပြီးဖြစ်ကြောင်း၊ မဟာရသျှတ္တရာပြည်နယ်တွင်Wadhwan  မြို့၊ ဘင်္ဂေါပြည်နယ်တွင်  ဆာဂါမြို့နှင့် တမီလ်နာဒူး ပြည် နယ် တွင် Colachel  မြို့တို့တွင်  ဖြစ်ကြောင်း၊ အဆိုပါဆိပ်ကမ်းသုံးခုအတွက် ကုန်ကျမည့်  ပမာဏမှာ ရူပီး ကုဋေ ၂၅၀၀၀ခန့်ဖြစ်ပြီး  ယခုနှစ်တွင် စတင် အကောင်အထည်ဖော်လိမ့်မည်ဖြစ်ကြောင်း၊   အခြား  ဆိပ်ကမ်းငါးခု အကောင်
အထည်ဖော်မည့်နေရာများအား  ကြေညာထားခြင်း  မရှိသေး ကြောင်း သိရပါသည်။အိန္ဒိယနိုင်ငံတွင်  ၁၉၅၀ ပြည့်နှစ်များအတွင်းKandla ဆိပ်ကမ်း တည်ဆောက်ခဲ့ပြီးနောက်   အဓိကကျသည့်  အခြားမည်သည့်ဆိပ်ကမ်းကို မျှ တည်ဆောက်ခဲ့ဲခြင်းမရှိကြောင်း၊  ယခုအခါစီးပွားရေးလျင်မြန်စွာ ဖွံ့ဖြိုး တိုးတက်လျက်ရှိရာ  နိုင်ငံအနေဖြင့်  သာမန်အဆင့်သာရှိသည့် ပုဂ္ဂလိက ဆိပ်ကမ်းများ၏ ဖွံ့ဖြိုးတိုးတက်မှုကို မြင်တွေ့လာခဲ့ရကြောင်း၊ ၂၀၁၅-၁၆ ခုနှစ်တွင်  ယခင်ရှိပြီးဖြစ်သည့် အဓိကဆိပ်ကမ်း  ၁၂ ခုမှ အမြတ်ပေါင်း ရူပီး ကုဋေ ၄၂၀၀ ကို ရရှိခဲ့ကြောင်း၊  ၎င်းင်းတို့၏ တိုးတက်မှုနှုန်းသည် ပုဂ္ဂလိကကဏ္ဍ နှင့်ကမ္ဘာ့ဆိပ်ကမ်းများထက် ပိုမိုလျင်မြန်ကြောင်း၊    ထိုမျှ သာမက နိုင်ငံပိုင် ကော်ပိုရေးရှင်းများဖြစ်သည့် Shipping Corporation. Dredging Cor-poration  နဲ့ Cochin  သင်္ဘောကျင်း တည်ဆောက်ရေးဌာနတို့  သည်လည်း အမြတ်ငွေရူပီး ကုဋေ ၁၅၀၀ ကိုရရှိခဲ့ကြောင်း၊  သို့ဖြစ်၍ ၎င်းင်း၏ဝန်ကြီးဌာန အောက်ရှိ စီးပွားရေးလုပ်ငန်းများမှ  အမြတ်ငွေစုစုပေါင်း ရူပီးကုဋေ ၆၀၀၀ ကျော် ရရှိခဲ့ကြောင်းGadkari  ကပြောကြားခဲ့ပါ သည်။ကာလရှည် အနေဖြင့် အိန္ဒိယအစိုးရသည်  ဆိပ်ကမ်းများနှင့် ရေ ကြောင်း ပို့ဆောင်ရေးကဏ္ဍ၌ ရူပီး ၁၂ ထရီလီယံကျော်  ရင်းနှီးမြှုပ်နှံမှုပြုရန် လျာထားပြီး  ၎င်းင်းမှ အလုပ်အကိုင်သစ် တစ်ကုဋေဖန်တီးပေးနိုင်လိမ့်မည် ဟု Gadkari  က ထည့်သွင်းပြောကြားထားကြောင်း သိရပါသည်။

 ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး  
မြန်မာသံရုံး၊ နယူူူးဒေလီမြို့

International Trade News

Pages