မူဆယ်နှင့် မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းများတွင် တရားဝင်တင်သွင်းရန်ကျန်ရှိနေသည့် လုပ်ငန်းသုံးယာဉ်များအား ကွန်ပျူတာမှတ်တမ်းများအရ စိစစ်၍ ခွင့်ပြုပေးလျက်ရှိ

Wed, 05/11/2016 - 06:28 -- admin_ygn

   မူဆယ်နှင့်  မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းများ တွင်တရားဝင်တင်သွင်းရန် ကျန်ရှိနေသည့်လုပ်ငန်းသုံးယာဉ်များအား ကွန်ပျူတာမှတ်တမ်းများအရစိစစ်၍  ခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။ပြီးခဲ့သည့်မေလဆန်းပိုင်းက မူဆယ် (၁၀၅)မိုင်ကုန် သွယ်ရေးစခန်းမှ ၈၀၀၃ စီး၊ မြဝတီကုန်သွယ်ရေးစခန်းမှ ၄၆၃၂ စီးတို့ကို လိုင်စင်များစိစစ်၍ တရားဝင်တင်သွင်းခွင့်ပြု ခဲ့ပြီးဖြစ်သည်။ယခုအခါတွင် အဆိုပါစခန်းနှစ်ခုတွင် တရားဝင်တင်သွင်းရန်ကျန်ရှိနေသည့် ယာဉ် ယန္တရားကြီးများအားသက်တမ်း များတိုးမြှင့်၍ တရားဝင်တင်သွင်းခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။ထို့ကြောင်းသက်ဆိုင်ရာစခန်းများတွင်သတင်းပေးပို့ ရန်ကျန်ရှိနေသည့်မော်တော်ယာဉ်တင်သွင်းသူများ အနေဖြင့် သက်ဆိုင်ရာ နယ်စပ်စခန်းများသို့အချိန်မီသတင်းပို့၍လိုင်စင်သက်တမ်းတိုးကိစ္စရပ်များကို ဆောင်ရွက်ကြရမည် ဖြစ်ကြောင်းသိရသည်။လိုင်စင်သက်တမ်းတိုးရန် ကျန်ရှိနေသည့် လိုင်စင်များအနက် မြဝတီကုန်သွယ်ရေးဇုန်တွင် မေ ၄ရက်မှ ၆ ရက် အထိယာဉ်စီးရေ ၁၉၃၃ စီး၊ မူဆယ်ကုန်သွယ်ရေးစခန်းမှ ယာဉ်စီးရေ ၄၅၂စီးတို့ကို တရားဝင်တင်သွင်းခွင့်ပြုခဲ့ကြောင်း သိရသည်။

Border Trade News

Pages