ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းက ရေထွက်ကုန်ပိုမိုတင်ပို့

Mon, 01/19/2015 - 13:04 -- admin_ygn

   မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းက ဇန်နဝါရီလ ၃ ရက်မှ  ၉ရက်တာ ကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၉၈၇ သန်းတန်ဖိုးရှိ ရေထွက် ကုန်များဖြစ်သော ငါးမျိုးစုံ  ၁၂၃၅ တန်ကျော်၊ ကင်းမွန်  ၂၅ တန်ကျော်၊ ပုစွန်  ၃ တန်ကျော်နဲ့ ကဏန်း ၃ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၆၈၆ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။
   မြဝတီကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၁၅၃ သန်းတန်ဖိုးရှိ ရေထွက်ကုန်များဖြစ်တဲ့ ငါးမျိုးစုံ ၈၆ တန်ကျော်၊ ကဏန်း ၁၁ တန်ကျော်နဲ့ ပုစွန်  ၂ တန်ကျော် တင်ပို့နိုင်ခဲ့တဲ့အပြင် မြိတ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၁ ဒသမ ၀၀၅ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၉၂၃ တန်ကျော်၊ ရေငန်ပုစွန် ၁၅ တန်ကျော်၊ သဲကဏန်း ၁ တန်ကျော်နဲ့ ကင်းမွန် ၁တန် နီးပါးတင်ပို့နိုင်ခဲ့ပါတယ်။ ယခုတစ်ပတ်အတွင်း မြဝတီကုန်သွယ်ရေးဇုန်၊ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းနဲ့ မြိတ်နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကန်ဒေါ်လာ ၂ ဒသမ ၁၄၅ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၂၃၀၉ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။

ခင်မြနွယ် MIRT (DCCA)

 

Border Trade News

Pages