နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆိုင်ရာ ဆရာ၊ ဆရာမများအတွက် တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

နေပြည်တော်၊ ဇွန်လ ၈
   မူပိုင်ခွင့်ဦးစီးဌာနနှင့် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်‌ရေးဦးစီးဌာန တို့ပူးပေါင်း၍ အစိုးရနည်းပညာကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ၊ အစိုးရနည်းပညာအထက်တန်းကျောင်းနှင့် သက်မွေးပညာသင်တန်းကျောင်းများတွင် အသစ်ခန့်အပ်ထားသော နည်းပညာ၊ သက်မွေးပညာ နှင့်‌လေ့ကျင့်ရေးဆိုင်ရာ ဆရာ၊ ဆရာမများအတွက် တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့တွင်  Virtual စနစ်ဖြင့် ကျင်းပခဲ့ပါသည်။
   အဆိုပါဆွေးနွေးပွဲကို တီထွင်မှု၊ ဖန်တီးမှုနှင့် သုတေသနဆိုင်ရာလုပ်ငန်းများတွင် မူပိုင်ခွင့် ဆိုင်ရာ အသိပညာများ ရရှိစေရန်၊ တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် လက် တွေ့အသုံးချနိုင်မည့် အချက်အလက်များကို သိရှိနားလည်စေရန် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ပြီး မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလင်းအောင်ဆွေက မူပိုင်ခွင့်ဥပဒေများအကြောင်း  သိကောင်းစရာများ၊  တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ သိကောင်းစရာများ၊ တီထွင်မှု လျှောက်ထားခြင်းဆိုင်ရာ နည်းလမ်းများ၊ တီထွင်မှုသတင်းအချက်အလက်ရှာဖွေခြင်းဆိုင်ရာ သိကောင်းစရာများကို  အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းခြင်းများအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
   အဆိုပါဆွေးနွေးပွဲသို့ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ အစိုးရနည်းပညာကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ၊ အစိုးရနည်းပညာအထက်တန်းကျောင်းနှင့် သက်မွေးပညာသင်တန်းကျောင်းများတွင် အသစ်ခန့်အပ်ထားသော နည်းပညာ၊ သက်မွေးပညာ နှင့်‌ လေ့ကျင့်ရေးဆိုင်ရာ ဆရာ၊ ဆရာမများ (၁၉၈) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။