ရေနံနဲ့ သဘာဝ ဓါတ်ငွေ့ လုပ်ငန်းသုံး ပစ္စည်း ကိရိယာ များအား ပို့ကုန် သွင်းကုန် လိုင်စင် လျှောက်ထား ခြင်းမှ ကင်းလွတ် ခွင့်ပြု

Tue, 05/14/2013 - 09:28 -- admin

အင်္ဂါနေ့ ၂ ဧပြီလ  ၂၀၁၃ 10 :25  AM

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာနမှ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းသုံး ပစ္စည်း ကိရိယာ များအား ပို့ကုန် သွင်းကုန် လိုင်စင် လျှောက်ထား ခြင်းမှ ကင်းလွတ် ခွင့်ပြု သည့် အမိန့် ကြော်ငြာစာ အမှတ် ၂၃/၂ဝ၁၃ ကို ၂ဝ၁၃ ခုနှစ် မတ်လ ၁၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေငြာ လိုက်ကြောင်း သိရသည်။

အဆိုပါ အမိန့် ကြော်ငြာစာ တွင် '' စွမ်းအင် ဝန်ကြီး ဌာနနှင့် နိုင်ငံခြား ကုမ္ပဏီများ အကြား အကိုျးတူ ဆောင်ရွက် သည့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ဆိုင်ရာ လုပ်ငန်းများ အတွက် စွမ်းအင် ဝန်ကြီး ဌာန ၏ ကြီးကြပ်မှု နှင့် ရေနံနှင့် သဘာဝ ဓါတ်ငွေ့ လုပ်ငန်းသုံး ပစ္စည်း ကိရိယာများ အား ပြည်ပမှ တင်သွင်းခြင်းနှင့် လုပ်ငန်း ပြီးဆုံး ၍ ပြည်ပ သို့ ပြန်လည် တင်ပို့ခြင်း များ'' အတွက် ပို့ကုန် သွင်းကုန် လိုင်စင် လျှောက်ထား ခြင်းမှ ကင်းလွတ်ခွင့်ပြု လိုက်သည် ဟု ဖော်ပြ ပါရှိကြောင်း သိရ သည်။

Source: ကသစ(ဦး)ကညက------ပန်