အသိပေးကြေငြာချက်

Thu, 11/08/2012 - 10:06 -- Anonymous (not verified)

အသိပေးကြေငြာချက်

မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာကြီးကြပ်ရေးကော်မတီၤအနေဖြင့် ၂၀၁၂ ခုနှစ် ပြက္ခဒိန်နှစ် ကုန်ဆုံးပြီးနောက်၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ မော်တော်ယာဉ် တင်သွင်းခွင့် လျှောက်ထားမှုများအား Model ခုနှစ်အလိုက်အောက်ပါအတိုင်းပုံမှန် ပြောင်းလဲ ဆောင်ရွက်ပေး သွားမည်ဖြစ်ပါသည်။

၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍

  • ယာဉ်အို/ယာဉ်ဟောင်းအပ်နှံအစားထိုးမော်တော်ယာဉ်တင်သွင်းခွင့်လျှောက်ထားရာတွင် -

၁၉၉၇ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်း ထုတ်လုပ်သော မော်တော်ယာဉ်များကို လည်းကောင်း၊ ၂၀၀၈ ခုနှစ်နှင့် အထက် ထုတ်လုပ်သော 1350CC နှင့် အောက် လူစီးမော်တော်ယာဉ်ငယ် များအား လည်းကောင်း၊

  • နိုင်ငံခြားသင်္ဘောသားများ၊ နိုင်ငံခြားရေးဝန်ထမ်းများ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ စစ်သံ ဝန်ထမ်းများ၊ ပြည်တွင်းကုမ္ပဏီများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ပြည်ပတွင်သွားရောက် အလုပ် လုပ်ကိုင်နေသည့် အလုပ်သမားများ၊လူစီးမော်တော်ယာဉ် တင်သွင်းခွင့်လျှောက်ထားရာတွင်-

၂၀၀၈ ခုနှစ်နှင့်အထက် လူစီးမော်တော်ယာဉ်များကိုလည်းကောင်း၊

  • တစ်ဦးချင်းနိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ထားသော နိုင်ငံသားများ လူစီးမော်တော်ယာဉ် တင်သွင်းခွင့်လျှောက်ထားရာတွင်-

၂၀၀၈ ခုနှစ်နှင့်အထက်လူစီးမော်တော်ယာဉ်များကိုလည်းကောင်း ၊ ၂၀၀၃ ခုနှစ်နှင့်အထက် Light Truck / Truck (တစ်တန်နှင့်အထက်) မော်တော်ယာဉ်များ၊ ၂၀၀၃ ခုနှစ်နှင့် အထက် ဘယ်မောင်း City Bus မော်တော်ယာဉ်များနှင့် ၂၀၀၈ ခုနှစ် အထက် ဘယ်မောင်း Bus မော်တော်ယာဉ်များကိုလည်းကောင်း၊

  • Taxi ယာဉ်များတင်သွင်းခွင့်လျှောက်ထားရာတွင် -

ပြည်နယ်/တိုင်းဒေသကြီးအစိုးရအဖွဲ့ထောက်ခံချက်ဖြင့် တင်သွင်းခွင့်ပြုသော Taxi ယာဉ် များအတွက ၂၀၀၈ ခုနှစ်နှင့် အထက် Taxi ယာဉ်များကို လည်းကောင်း လျှောက်ထား တင်သွင်းခွင့် ပြုသွားမည်ဖြစ်ပါသည်။

  • အထက်ဖော်ပြပါ မော်တော်ယာဉ်အမျိုးအစားများ၏ ဆိပ်ကမ်းအရောက် အနိမ့်ဆုံးဈေးနှုန်း (C.I.F တန်ဖိုး) များကို Model Year အလိုက၊် Brand အလိုက် ၊အင်ဂျင်ပါဝါအလိုက် သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့လုပ်ငန်းရှင်များနှင့် ဆွေးနွေးညှိနှိုင်းကာ အချိန်မီ ထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။

မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီၤရုံးအဖွဲ့

ရက်စွဲ၊ ၂၀၁၂ ခုနှစ် ၊ နိုဝင်ဘာလ ၈ ရက်