အလိုအလျောက်ပို့ကုန်လိုင်စင်ထုတ်ပေးမည့် Myanmar Tradenet 2.0 စနစ်အသုံးပြုမှုနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကျင်းပပြုလုပ်

Wed, 03/29/2023 - 17:21 -- admin

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ပို့ကုန်လိုင်စင်များ လွယ်ကူချောမွေ့စွာ ထုတ်ပေးနိုင်ရေးအတွက် ပင်လယ်ရေကြောင်းနှင့်နယ်စပ်ကုန်သွယ်ရေးမှ တင်ပို့သော ကုန်စည်များအတွက် အလိုအလျောက် ပို့ကုန်လိုင်စင်ထုတ်ပေးမည့် Myanmar Tradenet 2.0 စနစ် အသုံးပြုမှုနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့တွင် ကုန်သည်စက်မှုအသင်းချုပ်၊ မင်္ဂလာခန်းမ၌ ကျင်းပခဲ့ပြီး အခမ်းအနားသို့ ဌာနဆိုင်ရာများနှင့် ကုန်သည်လုပ်ငန်းရှင် စုစုပေါင်း (644) ဦးတက်ရောက်ခဲ့ပါသည်