India Mobile Congress 2022 ပြပွဲသို့ ပါဝင်ပြသရန် မြန်မာနိုင်ငံသို့ဖိတ်ကြား

Fri, 09/23/2022 - 08:48 -- mocadmin

အိန္ဒိယသမ္မတနိုင်ငံ၊ ဆက်သွယ်ရေးဝန်ကြီးဌာန၏ စီစဉ်မှုဖြင့် မြို့တော်ဒေလီရှိ Pragati Maidan ၌ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ “New Digital Universe” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်မည့် အာရှ၏ အကြီးဆုံးဒစ်ဂျစ်တယ် နည်းပညာဆိုင်ရာ အခမ်းအနား ဖြစ်သည့် ၆ ကြိမ်မြောက် India Mobile Congress 2022 သို့ မြန်မာနိုင်ငံမှ ပါဝင်ပြသနိုင်ပါ ကြောင်း ဖိတ်ကြားလာပြီး အသေးစိတ်သိရှိလိုပါက ၀၆၇ - ၃၄၀၈ ၆၀၈ နှင့် ၀၆၇ - ၃၄၀၈ ၆၂၂ သို့ စုံစမ်း မေးမြန်းနိုင်ကြောင်း သတင်းရရှိပါသည်။