“Trade Promotion Officer (TPO) များ အရည် အသွေးမြှင့် တင်ရေးနှင့် ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ” အလုပ်ရုံ ဆွေးနွေးပွဲ

EIF လုပ်ငန်းစဉ်၏ Aid for Trade အစီအစဉ်ပါ Tier 1 အရ ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စားသုံးသူ ရေးရာဦးစီးဌာန၊ ကုန်စည်ပြပွဲနှင့်ကုန်သွယ်မှုဗဟိုဌာနများဌာနခွဲမှ ကျင်းပခဲ့သည့် “Trade Promotion Officer (TPO) များ အရည်အသွေးမြှင့်တင်ရေးနှင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ” အလုပ်ရုံ ဆွေးနွေးပွဲ

၁။    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စားသုံးသူရေးရာ ဦးစီးဌာန၊ ကုန်စည်ပြပွဲနှင့်ကုန်သွယ်မှုဗဟိုဌာနများဌာနခွဲမှ ၂၀၁၆ ခုနှစ်၊ မတ်လ (၇) ရက်နေ့မှ (၈) ရက်နေ့အထိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၊ ကမ်းနားလမ်း၊ ရန်ကုန်မြို့တွင်  “Trade Promotion Officer (TPO) များ အရည်အသွေးမြှင့်တင်ရေးနှင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ” အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲတွင် ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စားသုံးသူရေးရာ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးအောင်စိုးကအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ကုန်သွယ်မှု မြှင့်တင်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာနများ၏ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးအသီးမှ အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၅၀) ဦး တက်ရောက်ခဲ့ကြပါသည်။

၂။    အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းရည်ရွယ်ချက်မှာ Trade Promotion Officer (TPO) များ အနေဖြင့် လုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံတကာ TPO များနှင့် ချိတ်ဆက်၍ ဆောင်ရွက် တတ်စေရန် ရည်ရွယ်ပါသည်။

၃။    အလုပ်ရုံဆွေးနွေးပွဲသို့ ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက Role of TPO  & Trade Centers အကြောင်းကိုလည်းကောင်း၊ ညွှန်ကြားရေးမှူး ဒေါ်နော်မူတာကပေါက ကုန်သွယ်မှုမြှင့်တင်ရေးဝန်ဆောင်မှုလုပ်ငန်းများ  ဖွံ့ဖြိုး တိုးတက်ရေးနှင့် Trade Centre များ၏ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်များ၊ ဆောင်ရွက်ပေးရမည့် ဝန်ဆောင်မှုလုပ်ငန်းများအကြောင်းကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးများဖြစ်ကြသော ဒေါ်ငယ်ငယ်လွင်က Group ဖွဲ့စည်းခြင်းနှင့် Presentation  အတွက် ရှင်းလင်းခြင်း၊ ဒေါ်မြမြစိန်က Myanmar Trade Center (ရန်ကုန်) ၏ လုပ်ငန်းများနှင့် အတွေ့အကြုံများ၊ ပြည်တွင်း/ပြည်ပ ပြပွဲများ အကြောင်းကိုလည်းကောင်း၊ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးလွင်က မြန်မာနိုင်ငံ၏ ပို့ကုန်သွင်းကုန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများအကြောင်းကိုလည်းကောင်း၊  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ဒုတိယဥက္ကဌ ဒေါက်တာ မျိုးသက်က ပုဂ္ဂလိကကဏ္ဍအသင်းအဖွဲ့များနှင့် (UMFCCI) အသင်းချုပ်အကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ ဖြစ်ကြ သော ဒေါ်တင်အေးဟန်က ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများဆိုင်ရာ သိကောင်းစရာ များအကြောင်းကိုလည်းကောင်း၊ ဒေါ်နီလာမူက ကုမ္ပဏီအကြောင်းအရာ သိကောင်းစရာများအကြောင်း ကိုလည်းကောင်း၊ စက်မှုကြီးကြပ်ရေး နှင့်စစ်ဆေးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြည်လင်းခိုင်က အသေးစားနှင့်အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် နေမှုများကိုလည်းကောင်း အသီးသီးဆွေးနွေးပို့ချခဲ့ပါသည်။ တက်ရောက်သော သင်တန်းသားများမှ လည်း အုပ်စု (၄) စုခွဲ၍ အုပ်စုအလိုက် ဆွေးနွေးတင်ပြကြပါသည်။

၄။    “Trade Promotion Officer (TPO) များ အရည်အသွေးမြှင့်တင်ရေးနှင့် ကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ” ”အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်ခြင်းကြောင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန အနေဖြင့် (TPO) ဆောင်ရွက်ကြမည့် ဝန်ထမ်းများ၏အရည်အသွေးများ မြင့်မားလာပြီး အသိပညာဗဟုသုတများ တိုးပွားလာပါသည်။ ကုန်သွယ်မှုလုပ်ငန်းများနှင့် ဆက်နွယ်သည့်လုပ်ငန်းများဖြစ်သော ရင်းနှီးမြှုပ်နှံမှု၊ အသေးစား အလတ်စား လုပ်ငန်းများဖွံ့ဖြိုးရေး၊ ပို့ကုန်သွင်းကုန်လုပ်ထုံး လုပ်နည်းများနှင့် ကုန်သည်ကြီးများအသင်းအကြောင်းကို သင်တန်းသားများအနေဖြင့် ပိုမိုသိရှိရသဖြင့် လက်တွေ့လုပ်ငန်းခွင် (Trade Centres)များတွင် မှန်ကန်သော သတင်းအချက်အလက်များကို ပြန်လည် ဖြန့်ဝေပေးနိုင်မည် ဖြစ်ပါကြောင်း သုံးသပ်ရရှိပါသည်။